ကိုးကန့်လက်နက်ကိုင်များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန် သူရဦးရွှေမန်း တောင်းဆို

မေလ ၂၃ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်သော ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ် အရာရှိ၊ စစ်သည်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်ကြောင်း အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
လက်နက်ကိုင်တပ်ဖွဲ့များကို ထပ်မံတောင်းဆိုလိုသည်မှာ ၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာပြီ ဖြစ်သောကြောင့် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်နိုင်ရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ထို့အပြင် သုံးလကျော် ကြာမြင့်လာပြီ ဖြစ်သော ကိုးကန့်ဒေသအတွင်း တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တို့၏ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက တိုင်းပြည်အတွက် အသက်ပေါင်းများစွာ ပေးဆပ်နေရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်ဘဏ္ဍာငွေ များစွာ ဆုံးရှုံးနေမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
တပ်မတော်နှင့် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်များအကြ
ထို့အပြင် မေလ ၁၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် လောက်ကိုင်ဒေသအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားခြင်းကို ရက်ပေါင်း ၉၀ ထပ်မံတိုးမြှင့်ရန် အတည်ပြုထားသည်။
တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်မျ
The Voice Weekly
0 comments:
Post a Comment