Monday, 18 May 2015

မာန်အောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်နေရာ ၀င်ရောက် ယှဉ်ပြိုင်မည့် ဒေါက်တာအေးမောင်အား ကန့်ကွက်မှုအချို့ ပေါ်ပေါက်နေ

dr-aye-maung

ရန်ကုန်၊ မေ ၁၅ ကောင်းမြတ်နိုင်(မောင်တော)
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မာန်အောင် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ၀င်ရောက်အရွေး ခံရန် မြို့နယ် ကိုယ်စားလှယ် အများစုက  ထောက်ခံခဲ့သော်လည်း ကန့်ကွက်မှုအချို့ ပေါ်ပေါက်နေကြောင်း သတင်း ရရှိသည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်သည် မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် အဆိုတင်သွင်းမှုကို မာန်အောင်မြို့နယ် ပါတီကော်မတီက ဧပြီလ ၂၄ ရက်နေ့တွင်  ပြုလုပ်ခဲ့ သည့် အစည်းအဝေးမှ လက်ခံ အတည်ပြုခဲ့ကြောင်း သိရသည်။

မေလ ၅ ရက်နေ့က  ပြုလုပ်သည့် မြို့နယ် ပါတီ အစည်းအဝေးတွင် ဒေါက်တာ အေးမောင်ကို ထောက်ခံမဲ ၁၆ မဲ၊ ကန့်ကွက်မဲ ၃ မဲဖြင့် မာန်အောင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေမှ ကိုယ်စားလှယ်လောင်းအ ဖြစ် အတည်ပြုခဲ့ကြောင်း မြို့နယ် ပါတီဝင်တစ်ဦးဖြစ်သူ ကိုမောင်သိန်းထွန်းက နိရဉ္စရာသို့ ပြောသည်။
ဒေါက်တာအေးမောင်မှလည်း ယင်းသို့ ရွေးချယ်ခဲ့သည်ကို နိရဉ္စရာသို့ အတည်ပြု ပြောကြားခဲ့သည်။
“ဟုတ်ပါတယ်။ သေချာပါတယ်။ အမှတ် ၂ မဲဆန္ဒနယ်မြေကပါ။ ပေါက်တော မဲဆန္ဒနယ်မှာ ပထမ ၀င်ရောက် အရွေးခံဖို့  အဆို တင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ၀င်ရောက် အရွေးခံမယ်ဆိုတော့ ပါတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ၀င်ရောက် မပြိုင်သင့်၊  မပြိုင်ချင်လို့ အဲဒီ မဲဆန္ဒနယ်ကို စွန့်ခဲ့ပါတယ်။ အခု မာန်အောင်မြို့နယ် မဲဆန္ဒနယ်မြေက ၀င်ရောက်ယှဉ်ပြိုင်မှာပါ’’ ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ရခိုင်အမျိုးသားပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရေး အခြေခံမူနှင့် လုပ်ထုံးလုပ်နည်း အပိုဒ် (၁၀)  တွင် မိမိဒေသအတွင်း ပြည်နယ်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်းမရှိပါက ခြွင်းချက်အနေဖြင့် အခြားဒေသမှ ထည့်သွင်းစဉ်းစားနိုင်ကြောင်း ပါရှိသည်ဟု သိရသည်။
မာန်အောင်မြို့နယ်တွင် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ နေရာ အတွက် ဒေသခံ ကိုယ်စားလှယ်လောင်း ၅ ဦး လျှောက်ထား လျက်ရှိသဖြင့် အခြားဒေသမှ ဒေါက်တာ အေးမောင်အား မာန်အောင်မြို့နယ် ၀င်ရောက် ယှဉ်ပြိုင်ရန် ခွင့်ပြုခြင်းမှာ ရွေးချယ်ရေး အခြေခံမှုနှင့် ကိုက်ညီမှု မရှိဟုဆိုကာ မာန်အောင်မြို့နယ် ပါတီ ဗဟိုကော်မတီဝင် ဦးတင်ရွှေ၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။
ယင်းကန့်ကွက်စာကို ဦးတင်ရွှေမှ မေလ ၅ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်အမျိုးသား ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌသို့ လိပ်မူတပ် စာရေးသား ပေးပို့ခဲ့သည်။
ရခိုင်အမျိုးသားပါတီတွင် ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာအေးမောင်သည် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် စစ်တွေမြို့နယ်မှ အနိုင်ရခဲ့သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လက်ရှိ အချိန်တွင် ရခိုင်အမျိုးသားပါတီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
ပါတီ တစ်ခု၏ လုပ်ထုံးလုပ်နည်းအရ ပါတီ ဥက္ကဋ္ဌဖြစ်သူ အပါအ၀င် အနည်းဆုံးထိပ်တန်း ခေါင်းဆောင် ငါးဦးအား သေချာပေါက် အနိုင်ရမည့် မဲဆန္ဒနယ်မှ ပါဝင် ယှဉ်ပြိုင်ရန် ပါတီမှ တာဝန်ယူ စီစဉ်ပေးရသော်လည်း ရခိုင်အမျိုးသားပါတီတွင် ထိုကဲ့သို့ အစဉ်အလာမဲ့နေသည်မှာ ၀မ်းနည်းစရာ ဖြစ်နေကြောင်း အများက သုံးသပ် ပြောဆိုလျက်ရှိနေကြသည်။
ပါတီ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဒေါက်တာ အေးမောင်အတွက် ရခိုင်ပြည်နယ် တွင် ၀င်ရောက် ယှဉ်ပြိုင်မည့်  လွှတ်တော်ကိုယ်စားလှယ်နေရာတိုင်းတွင် အတိုက်အခံများ ပေါ်ပေါက်နေခြင်း၊ ၀င်ရောက်ယှဉ်ပြိုင်မည့် နေရာတိုင်းတွင် ကန့်ကွက်ခံနေရခြင်းသည် ရခိုင်အမျိုးသားပါတီ၏ စည်းလုံး ညီညွှတ်မူ ဖရိုဖရဲဖြစ်နေမှုကို ဖော်ပြနေခြင်းဖြစ်သဖြင့် ပါတီ ခေါင်းဆောင်များ အနေဖြင့် အထူးသတိထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပါတီလိုလားသူ ပြည်သူ တစ်ဦးက နိရဉ္စရာသို့ သုံးသပ် ပြောဆိုသွားပါသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate