စစ်တွေမြို့မဈေးကြီး ၃ ရက်ဆက်တိုက်ပိတ်မည်
မာန်ယုကျော် (ရွှေဝမြေ)
ရန်ကုန်၊ မေ ၂၈
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မြို့မဈေးကြီးကို ၃ရက်ဆက်တိုက်ပိတ်မည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မြို့မဈေးပိတ်မည့် ၃ ရက်မှာ မေလ ၃၁ ရက်၊ ဇွန်လ ၁ ရက်နှင့် ဇွန်လ၂ ရက်နေ့တို့ဖြစ်သည်။
မေလ ၃၁ ရက်နေ့မှ တနင်္ဂနွေနေ့ဖြစ်သည့်အတွက် ဈေးကို ပုံမှန်အတိုင်းပိတ်မည်ဖြစ်ပြီး ဇွန်လ ၁ ရက် နေ့မှာ ရခိုင်ကဆုန်လပြည့်နေ့ဖြစ်သည့် အတွက် နှစ်စဉ် ဈေးပုံမှန်ပိတ်တတ်ကြောင်း သိရသည်။
အလားတူ ဇွန် ၂ ရက်နေ့သည်လည်း ရခိုင်အမျိုးသားနေ့ဖြစ်သည့်အတွ
“တနင်္ဂနွေခံနေတဲ့အတွက် ၃ ရက်ဆက်တိုက်လိုဖြစ်သွားတယ်။ ကဆုန်လပြည့်နေ့ကတော့ နဂိုကလည်း ပိတ်တယ်။ နေက်ပြီး ကျနော်တို့ ရခိုင်အမျိုးသားနေ့ကို အစိုးရရုံး ပိတ်ရက်တစ်ခု ဖြစ်စေ ချင်တယ်။ ဒါကြောင့် ကျနော်တို့ ပုဂလိကလိုင်းထဲကနေ ပိတ်ပြီးတော့ တဖြည်းဖြည်း တွန်းယူသွားမယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ အခုလို တဖြည်းဖြည်းတွန်းပြီးတော့ ပိတ်သွားမှာပါ ” ဟု အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင် ဈေးအကျိုးတော်ဆောင်အတွင်းရေးမှ
ရခိုင်အမျိုးသားနေ့သည် ရခိုင်ပြည် ၊ ရခိုင်တမျိုးသားလုံးနှင့် သက်ဆိုင်သည့် အတွက် တခြားသော အစိုးတရားဝင်ရုံးပိတ်ရက်များကဲ့
“ ရခိုင်အမျိုးသားနေ့ဆိုတာက ရခိုင်ပြည်မှာ ရှိတဲ့ ကလေး ၊လူကြီး အားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ တစ်နေ့ ဖြစ်တယ်။ အဲလိုနေ့မျိုးမှာ တခြားအစိုးရတရားဝင်နေ့မျိုးလို ရုံးတွေ၊ ဈေးတွေကို ပိတ်စေချင်တယ်။
ဒါဘာကြောင့် ပိတ်တာလည်း ဆိုရင် ရခိုင်အမျိုးသားနေ့ဖြစ်လို့ပဲ ၊ ဒီနေ့ ရုံးပိတ်တာ ဘာနေ့မို့လို့လဲ ရခိုင်အမျိုး သားနေ့ ဖြစ်လို့ပဲ ဆိုတာ ရခိုင်ပြည်သူတွေ ရင်ထဲ မှာစွဲသွားအောင် ၊ မမေ့ အောင် အဲဒီနေ့ကျရောက်လာရင် ဒါငါတို့ အမျိုးသားနေ့ပဲ ဆိုတာမျိုး ဖြစ်သွားအောင်တရားဝင် ရုံးပိတ်ရက် တစ်ရက် ဖြစ်စေချင်ပါတယ် ” ဟု ပြောသည်။


0 comments:
Post a Comment