Wednesday, 13 May 2015

ကိုးကန့်တောင်ကုန်း ၃ ကုန်း အစိုးရတပ်သိမ်းပိုက်၊ စစ်သည်အချို့ ကျဆုံး

ကိုးကန့်တပ်တွေ အခိုင်အမာ ခြေကုပ်ယူထားတဲ့ တောင်ကုန်း ၃ ကုန်းကို အစိုးရတပ်ဖွဲ့ တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သည်တချို့ သေဆုံးဒဏ်ရာရခဲ့တယ်လို့ စစ်တပ်ပိုင် မြ၀တီ သတင်းက ကြေညာပါတယ်။
တပ်မတော်စစ်ကြောင်းတွေဟာ မေလ ပထမပတ်က စတိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေယူကာ လှံစွပ်ထိုး တိုက်ခိုက်ခဲ့တာကြောင့် မေလ ၁၁ ရက်မှာ မာလုရွှေကျေးရွာ အရှေ့ဘက် ပွိုင့်-၁၆၀၇ တောင်ကုန်းနဲ့ ပွိုင့်-၁၇၀၉ တောင်ကုန်းကိုရပြီး မေလ ၁၂ ရက်မှာ ပွိုင့်-၁၇၄၂ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ပွဲတွေအတွင်း ကိုးကန့် အလောင်း ၇ လောင်း၊ အာပီဂျီ ၃ လက်၊  စက်လတ် ၂ လက်၊ အမ် (၂၂) သေနတ် ၆ လက်၊ ကေ (၁၂) သေနတ် ၁ လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂ လက်နဲ့ ကျည်မျိုးစုံသိမ်းဆည်းရမိပြီး တပ်မတော်က စစ်သည်အချို့ သေဆုံး ဒဏ်ရာရ တာရှိတယ်လို့  သတင်းမှာဖော်ပြပါတယ်။

ဒါပေမယ့် တပ်မတော်သားတွေ သေဆုံးဒဏ်ရာရသူ အရေအတွက် ဘယ်လောက်ရှိ တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိပါဘူး၊။

ကိုးကန့် ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကတော့  ပြီးခဲ့တဲ့ရက်က တိုက်ပွဲမှာ ကိုးကန့်ဘက်က  လက်လွှတ်လိုက်ရတဲ့  စခန်းတွေမရှိဘူးလို့ ပြောပါတယ်။

“ကျနော်သိသလောက်ကတော့  အဲလို တိုက်ပွဲကြောင့်မလို့ ကျသွားတဲ့ ကုန်းကတော့ မရှိဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တို့ မဟာဗျူဟာ အရ ပြောင်းရွှေ့ထားတာတော့  စခန်းသေးသေးလေး တခုရှိတယ် အဲဒါကိုညွန်းလားတော့ မသိဘူး ၃ ခုတော့ မဖြစ်နိုင်ပါဘူး”

လောက်ကိုင်မြို့နယ် နန်ထိန်မိန်တောင်ကုန်းတလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားရာမှာ ဒီနေ့လည်း နန်ထိန်မိန်တောင်ကုန်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ကိုးကန့် ဘက်ကပြောပါတယ်။

ကိုးကန့်တပ်မှူး ရန်ဂွန်ဟွာကတော့ အစိုးရတပ်တွေက ကိုးကန့်တပ်တွေရှိရာ နန်ထိန်မိန် တောင်ကုန်းနေရာကို သိမ်းဖို့ကြိုးစာတာ မအောင်မြင်တဲ့အကြောင်းနဲ့ တနင်္လာနဲ့ အင်္ဂါ ၂ ရက် တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး  အနည်းဆုံး အစိုးရဘက်က ၁၀ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။

ဦးဖုန်ကြားရှင်ခေါင်ဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ အမ်အန်ဒီအေေ အ ကိုးကန့်တိမ်းရှောင်တပ်ဖွဲ့နဲ့  အစိုးရတပ်တွေအကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင် ဖြစ်ပွားခဲ့ရာမှာ ၃ လကျော်ကြာရှိနေပြီ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate