Monday, 25 May 2015

နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးအလှပြိုင်ပွဲ (သတင်း ဓာတ်ပုံ)

ဟန်ဂေရီနိုင်ငံ ဘူတာပတ်စ်မြို့တောင်ဘက်က ကစ်ခွန်ဖီလစ်ခ်ျဟာဇာ မြို့မှာ ၇ ကြိမ်မြောက် နှုတ်ခမ်းမွေးပြိုင်ပွဲမှာ ကမ္ဘာတ၀န်းက မျက်နှာပေါ်က အမွေးအမြင်တွေကို ထိန်းသိမ်းတဲ့သူတွေ က သူတို့ရဲ့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပုံစံအမျိုးမျိုးရှိတဲ့ နှုတ်ခမ်းမွေးနဲ့ မုတ်ဆိတ်မွေးတွေကို လာရောက် ပြသတယ်လို့ ဒေးလီးမေလ်း သတင်းက ရေးပါတယ်။
ရိုးရာ ဘာဝါးရီးယန်ဝတ်စုံ ဆင်မြန်းထားသည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး ပြုပြင်ထိန်းသိမ်းထားသူ တဦး (ဓာတ်ပုံ အီးပီအေ)
ပြိုင်ပွဲကျင်းပမယ့်နေနဲ့ အသေးစိတ်ကိုတော့ သတင်းမှာ ဖော်ပြထားခြင်း မရှိပါဘူး။
နပိုလီယံ စတိုင် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးထားသူ တဦး (ဓာတ်ပုံ-အီးပီအေ)
ဒီပွဲမှာ မျက်နှာပေါ်က အမွေးအမြင်တွေကို အလှပဆုံး ပြုစု ထိန်းသိမ်းနိုင်တဲ့သူတွေ ၀င်ပြိုင်ကြပြီး ဆုချီးမြှင့်သွားဖို့လည်း ရှိနေပါတယ်။
နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး အသွင်တမျိုးနဲ့ ဟန်ဂေရီက လူတဦး (ဓာတ်ပုံ-အေပီ)
မျက်နှာက အမွေးအမြင်တွေက တကိုယ်ရည်သန့်ရှင်းမှု မရှိဘူးလို့ ဝေဖန်ကြပေမယ့်လည်း နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး အရှည်ထားလေ့ရှိသူတွေကတော့ ဒီအမွေးအမြင်တွေက ယောက်ျားလေးတွေ အတွက် မရှိမဖြစ် အရာတခုလို့ ခံယူထားသလို အဓိပ္ပာယ်တခုလို့ မှတ်ယူထားကြပါတယ်။
လိုက်ဖက်သည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး အလှ (ဓာတ်ပုံ အေပီ)
ဒီပွဲပြိုင်ကို လာရောက် ယှဉ်ပြိုင်ကြတဲ့ လူတွေရဲ့ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး ပုံစံတွေကလည်း တဦးနဲ့ တဦး မတူညီဘဲ ကွဲပြားခြားနားနေပါတယ်။
နှုတ်ခမ်းမွေးကို အ၀ိုင်းသဏ္ဍာန်ထားထားသည့် ဂျာမနီနိုင်ငံသားတဦး (ဓာတ်ပုံ-အေပီ)
ရှုပ်ပွနေအောင် ထားထားသည့် နှုတ်ခမ်းမွေးနှင့် မုတ်ဆိတ်မွေး (ဓာတ်ပုံ အီးပီအေ
ဆက်စပ်သတင်းများ
Thanithuka10062014(8မဟာသန္တိသုခကျောင်း ဝေယျာဝစ္စဆောင်ရွက်သူ ၃၂ ဦးကို ပြန်လွှတ် 10885511_771024306279961_166823795677052126_nဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲအခမ်းအနား ဒေါ်စု တက်ရောက်မိန့်ခွန်းပြော (ဓာတ်ပုံ) Remembering Lee Kuan Yu 8ကွယ်လွန်သူ စင်ကာပူ ၀န်ကြီးချုပ်ကို ဂါရ၀ပြုနေသူများ (သတင်း ဓာတ်ပုံ) Lee Kuan Ywe 11လီကွမ်ယုရဲ့ ဈာပန အခမ်းအနား (သတင်းဓာတ်ပုံ)

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate