၈ နှစ်အရွယ်ကလေးကို အ၀တ်သေတ္တာထဲထည့်လာသူ စပိန်ရဲဖမ်းဆီး
အ၀တ်သေတ္တာဆွဲလာတဲ့ အသက် ၁၉ နှစ် အရွယ်မိန်းကလေးဟာ စိုးရိမ်ထိတ်လန့်နေတာကို အကောက်ခွန်ဝန်ထမ်းတွေက ရိပ်မိခဲ့ပြီး စစ်ဆေးခဲ့တာလို့ အစိုးရပြောခွင့်ရက ပြောဆိုပါတယ်။
မော်ရိုကိုနဲ့ နယ်စပ် Tarajal စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတွေ့ရှိတာလို့လည်း ပြောဆိုပါတယ်။ နောက် ၁ နာရီခွဲအကြာမှာ ကလေးဖြစ်သူရဲ့ ဖခင်ကိုလည်း အဲ့ဒီမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။
အရင် Ivory Coast နိုင်ငံက ဖြစ်ပြီး လောလောဆယ် စပိန်ပိုင် Canary ကျွန်းနေထိုင်ခွင့်လက်မှတ်ကို ကိုင်ဆောင်ထားသူလည်းဖြစ်ပါတယ်။
သူ့ရဲ့သားကို မော်ရိုကိုအမျိုးသမီးငယ်ကို ပိုက်ဆံပေးသယ်ဆောင်ခိုင်းခဲ့တာလို့လည်း စပိန်သတင်းစာတစောင်က ဖော်ပြပါတယ်။
ဖခင်ဖြစ်သူကိုရော၊ သယ်ဆောင်သူအမျိုးသမီးငယ်ကိုပါ ဥပဒေအရအရေးယူဖို့ စီတာမြို့မှာ ထိန်းသိမ်းထားတယ်လို့ မြို့ခံ တရားသူကြီးတဦးက ပြောဆိုပါတယ်။


0 comments:
Post a Comment