Monday, 25 May 2015

သမ္မတကြီးဖြစ်ခဲ့ရင်.. စာအုပ် ဆုရတာ ဦးကျော်သူ တကယ်အံ့သြတယ်

ရွေးကောက်ပွဲနီးလာချိန် ထောက်လှမ်းရေးတွေ တကောက်ကောက် ခြေရာခံလိုက်ခံနေရတဲ့ ဦးကျော်သူတစ်ယောက် သူရေးသားခဲ့တဲ့ ကျနော်သာ သမ္မတကြီးဖြစ်ခဲ့ရင် စာအုပ်နဲ့ သုတစွယ်စုံစာပေဆုကို ရခဲ့တာကြောင့် အံ့သြခဲ့ရပါတယ်။ ဒေါက်တာတင်ထွန်းဦးပေးတဲ့ ဒီစာပေဆုရတာ မင်းသားကျော်သူ ဘယ်လိုတုံ့ပြန်ခဲ့သလဲ။
ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်.. ဆိုတဲ့စာအုပ်နာမည်အတိုင်း တိုင်းပြည်တည်ထောင်ရာမှာ အခြေခံကျတဲ့ အောက်ခြေလူတန်းစားတွေ ဘဝဖွံ့ဖြိုးဖို့ကအရေးကြီးတာမို့ သူတို့ရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေကို အရင်လုပ်ဆောင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီစာအုပ်ကို ရေးသားခဲ့တာလို့ ဦးကျော်သူက ဆိုပါတယ်။ ရွေးကောက်ပွဲနီးလာချိန် ထောက်လှမ်းရေးတွေ တကောက်ကောက်လိုက်နေတဲ့ကြားက ဒီဆုကို ချီးမြှင့်တဲ့အတွက် အံ့သြကျေးဇူးတင်တယ်လို့ ပြောပါတယ်။
စွယ်စုံမီဒီယာဂရု သုတစွယ်စုံစာအုပ်တိုက်ရဲ့၂ဝ၁၃ခုနှစ်အတွက် ဒသမအကြိမ်မြောက် သုတစွယ်စုံစာပေ ဆုချီးမြှင့်ပွဲကို မေ၂၃ရက်က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဆု ၇ဆုထဲမှာ ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင် စာအုပ်နဲ့ ကျော်သူ၊ ရွှေရတုလက်ရွေးစင် ဆောင်းပါးများနဲ့ နေဇင်လတ်၊ ဖေ့စ်ဘွတ်ခ်သက်ရောက်မှုနဲ့ တင်စိန်(ပထဝီဝင်) ၊ ဦးခင်ညွန့်နှင့် အင်တာဗျူးစာအုပ်နဲ့ မြတ်ခိုင်၊ မြန်မာပန်းချီရေစီးကြောင်းနဲ့ ပန်းချီလှတင်ထွန်း၊ ပြည်သူအတွက် ဆေးဝါးဗေဒစာအုပ်နဲ့ ပါမောက္ခဒေါက်တာ ခင်မကြီးတို့က ရရှိခဲ့သလို ဒေါက်တာမောင်မောင်ညိုကတော့ သုတစွယ်စုံတစ်သက်တာ စာပေဆုကို ရရှိခဲ့ပါတယ်။
ဆုရွေးချယ်တဲ့နေရာမှာ ထူးထူးခြားခြား အများစိတ်ဝင်စားတဲ့ အကြောင်းအရာ၊ စာရေးသူရဲ့ ကြိုးစားအားထုတ်မှု၊ တင်ပြပုံအရေးအသားစတိုင်၊ စာအုပ်အင်္ဂါရပ်နဲ့ ညီမညီ စတဲ့အချက်တွေပေါ် မူတည်ပြီး ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ တင်ထွန်းဦးက ပြောပါတယ်။ သုတစာပေတွေကို ပိုပြီးဖွံ့ဖြိုးလာစေချင်သလို သုတစာပေနဲ့အတူ ပြည်သူတွေလည်း အထွေထွေ ဗဟုသုတတွေ တိုးလာဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဆုရရှိသူ စာရေးဆရာတစ်ဦးဖြစ်တဲ့ ဦးတင်စိန်ကတော့ facebookကို တီထွင်ခဲ့တဲ့ လူငယ် မာ့ခ်ဇူကာဘတ်ရဲ့ ဘဝဖြတ်သန်းမှု၊ facebookရဲ့ အောင်မြင်မှု အဆင့်ဆင့်နဲ့ ကမ္ဘာအနှံ့ ပြန့်နှံ့သက်ရောက်မှုတွေကို ရေးသားခဲ့တာဖြစ်ပြီး စာရေးဆရာတွေ ကြိုးစားချင်စိတ် ပိုရှိလာအောင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အခုလို လုပ်ပေးတာ ဝမ်းသာတယ်လို့ ဆိုပါတယ်။===========================================================

===========================================================

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate