Thursday, 21 May 2015

ထိုင်းနိုင်ငံသား နှင့် မြန်မာနိုင်ငံသားများထံမှ မူးယစ်ဆေးဝါးများနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများထံမှ ကျပ်သိန်းပေါင်း (၁၆၂.၇၅)သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအပြင် ဆက်စပ်ပစ္စည်းများကို မေလ(၂၀)ရက်နေ့ ညနေ(၅း၃၀)နာရီအချိန်ခန့်က တာချီလိတ်၌ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။

မူးယစ်ဆေးဝါးသတင်းများအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် တပ်ဖွဲ့စု(၃၀)တာချီလိတ်တို့ ပါဝင်ပြီး ခရိုင်/မြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့(အပြင်)ရှိ နေအိမ်အား ၀င်ရောက် စီးနင်းရှာဖွေရာ နေအိမ်အတွင်း၌  မြန်မာနိုင်ငံသားများဖြစ်သည့် စိုင်းနော်ခမ်း၊ နန်းရှဲန်ရွက်၊ နန်းဝိုးဟွမ် နှင့် ထိုင်းနိုင်ငံသားများဖြစ်သော အာလေလောမေ(ကျား)၊ မာဖိန်းယားမာ(ကျား)၊ အထိပတိမ်(ကျား) နှင့် ဆူဝိန်ကျန်ထနာ(ကျား) စုစုပေါင်း (၇)ဦးအား တွေ့ရှိရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေရာမှ ကျပ်သိန်းပေါင်း (၁၆၂.၇၅)သိန်းခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများအပြင် ဆက်စပ်ပစ္စည်းများကို ရှာဖွေသိမ်းဆည်း ရမိတာဖြစ်ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

ရှာဖွေသိမ်းဆည်းရမိသော ပစ္စည်းများတွင် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၅၈၀၀)ပြား၊ 999 တံဆိပ်ရိုက်ပက်(၂)ခု၊ အင်းပက် အနီရောင်(၂)ခု၊ ဒစ်ဂျစ်တယ်ချိန်ခွင် (၁)လုံးနှင့် အ၀ါရောင် ချိန်ခွင်(၁)လုံး၊ လက်ကိုင်ဖုန်း (၁၉)လုံး၊ ထိုင်းဘတ်ငွေ (၇၀၀၀)ဘတ်၊ အလေးချိန်(၂၃.၉)ဂရမ်ရှိသည့် ရွှေထည်ပစ္စည်း (၅)မျိုး၊ မော်တော်ယာဉ်(၃)စီး၊ ဆိုင်ကယ်(၃)စီး နှင့် စက်ဘီး(၃)စီးတို့ ပါဝင်ကြောင်း သိရသည်။

မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသော ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားများ အပါအ၀င် အဆိုပါ(၇)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၉/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
http://www.tachileik.net/2015/05/drug.html

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate