Sunday, 24 May 2015

တန်းလွဲချောင်း ကျက်သရေဆောင်၊တော်မူရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပွင့်ထွန်းပေါ်ပေါက်လာပုံ သမိုင်း အကျဉ်း

  ၁၃၆၇ - ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ရွာမကျောင်းပဓာန နာယက သြဝါဒစရိယဆရာတော် ဘဒ္ဒန္တကောဝိဒ၏ သြဝါဒမိန့်ကြားချက်ကို နာခံလျှက် ရှေးနှစ်ပေါင်းများစွာကပင်
တောတောင်ထဲ၌ သာမန်အုတ်စေတီပျက်တစ်ဆူအနေဖြင့် ချုံနွယ် ပိတ်ပေါင်းများဖုံလွှမ်းပြီး ပျက်စီးယိုယွင်းနေသော် မောင်းထောင်တောင်စေတီတော်မြတ်ကြီးကို အသစ်တဖန်ပြန်လည်တည်ထား
ကိုးကွယ်ရန်အတွက် လုပ်အားဒါနဖြင့် စုပေါင်းရှင်းလင်းကြရာ တန်းဆောင်မုန်းလပြည့်ကျော် (၁၁) ရက်နေ့တွင် မူလစေတီပျက်ထဲရှိ ငွေကြုတ်ထဲမှ ဖြူဖွေးသော ဝါဂွမ်းထဲတွင် ဓာတ်တော် (၅) ဆူနှင့်
နှစ်ကျိပ်ရှစ်ဆူဟု ယူဆရသောဆင်းတုတော် (၂၂) ဆူအား ဖူးမျှော်တွေ့ရှိရပါသည်။
ဆက်လက်၍ တန်းဆောင်မုန်းလပြည့်ကျော် (၁၃) ရက်နေ့တွင် သတ္တဌာနကြေးဆင်းတုတော် (၇) ဆူကိုလည်း တွေ့ရှိရပြီး ယင်းနေ့ နံနက် (၉)နာရီ (၃၀) မိနစ် အချိန်တွင် ယခုဖူးမြော်ကြည်
ညိုနေရသော ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူစတင်၍ ပွင့်ထွန်းပေါ်ပေါက်လာသည်ကို အံသြဝမ်းမြောက်ဖွယ်ရာ ဖူးတွေ့ရပါတော့သည်။ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်သည် ရှေးဟောင်းလက်ရာဖြစ်ပြီး
တူးဖော်တွေ့ရှိရသောကျောက်စာအက္ခရာများအရ လွန်ခဲ့သောနှစ် သက်တမ်း (၁၆၀၀) ကျော်ကပင် စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု ခန့်မှန်းရပြီး (၃) တန်ခန့်ရှိော ကျော်တစ်လုံးတည်းကို
ထုဆစ်ထားကာ ဉာဏ်တော် (၆) ပေ၊ (၃) လက်မ၊ ပုခုံးတော်အကျယ်မှာ (၃) ပေ၊ (၆) လက်မ တင်ပလ္လင်ခွေ - ညာ၊ ဒူးအောက်အကျယ်မှာ (၅) ပေ၊ (၂) လက်မဖြစ်ပြီး မျက်လွှာချ ဘုမ္မိပဿနထိုင်တော်မူ
လျှက် အရှေ့စူးစူးနေထွက်အရပ်သို့ မျက်နှာတော်မူကိန်းဝပ်စံပယ်လျှက်ရှိပါသည်။
ဓညဝတီခေတ်လက်ရာ “ရာဇမုနိ” (ကျောင်းတာ်)နှင့် ပမာဏအတိုင်းအတာ လက်ရာနေရာအားလုံးတစ်ထပ်တည်း တူညီနေသော ရှေးသောင်း ( ) ကို ဂဟေ
ဆက်မဟုတ်ဘဲ ကြေးနီဖြင့် တစ်သားတည်း သွင်းလုပ်ထားကာ ဓညဝတီကုန်းတူးဖော် စဉ်ကရရှိသော ဆင်းတုနှင့်လည်းပုံစံတူညီနေပေသည်။ မည်သို့ပင်ဖြစ်စေ ယခုအခါ ရှေးဟောင်ဒ ပေါ်တော်မူဗုဒ္ဓရုပ်
ပွားတော်မြတ်ကြီး၏ တန်ခိုးတော်ကြောင့်တော်ရောမြို့ပါ ပျံ့နှံ့ခဲ့ပြီးလမ်းခရီးအသွယ်သွယ်မှ ဘုရားဖူးဧည့်သည်တို့နေ့စဉ်မပြတ် စည်ကားသိုက်မြိုက်စွာလာရောက်ဖူးမြှော်ကြည်ညိုလျှက်ရှိနေပြီး ဘုရားဖူးဧည့်
သည်များကို ဒေသခံပြည်သူတို့မှ အလှူဒါနများနေ့စဉ်ကျွေးမွေးလျှက်ရှိရာ ဗုဒ္ဓမြတ်စွာ သာသနာနှင့် ကြုံလာလေခိုက် မောဟစရိုက် လမ်းမှားမလိုက်ဘဲ ဘုရားသာသနာတိုးတက်ရာကို စိတ်မှာ အစဉ်ဆင်ခြင်
ကြံရွယ်လျှက် လူရှင်အများကုသိုလ်ပွားအောင် ကြိုးစားအားထုတ်ကြရန်နှိုးဆော်အပ်ပါသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate