မြေယာပြဿနာ အလေးထားဆောင်ရွက်ရန် တောင်သူအဖွဲ့ တိုက်တွန်း
ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့က ကိုသောမတ်(စ်)က “အစိုးရတွေက တောင်သူတွေအပေါ်ကို ကိုယ်ချင်းစာထားပေးဖို့၊ အဓိက နားလည်ပေးဖို့ အရေးကြီး တယ်၊ အခုမြေယာကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရတွေ ဖြေရှင်းနေတာက တအား နှေးနေတယ်၊ တအားနှောင့်နှေးတော့ လူထုအတွက်
အကြပ်အတည်း ဖြစ်နေတယ်”ဟု ပြောသည်။
မေ ၂၁ တောင်ကြီးမြို့နယ် ကွမ်လုံကျေးရွာအုပ်စု ရေပူရွာတွင် နေထိုင်သော တောင်သူ ဦးမြင့်အောင်က မြေယာပြန်လည်ရရှိရေး ဓာတ်ဆီလောင်း မီးရှို့ဆန္ဒပြသည့် အပေါ် ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂက ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးအောင်မြင့် ထွန်ယက်စိုက်ပျိုးထားသော ပြောင်းခင်း ၈.၅ ဧကအပါအ၀င် ထောင်ချီ လယ်ယာမြေဧကများကို သိမ်းယူခဲ့ပြီး ပြန်လည် ရရှိရန် တင်ပြ တောင်းဆိုခဲ့သော်လည်း အစိုးရပိုင်းက အရေးယူ ဆောင်ရွက်ပေးခဲ့ခြင်း မရှိချေ။
နောက်ဆုံး မီးရှို့ဆန္ဒပြမှုကြောင့် အသက်ဆုံးရှုံးသွားသော တောင်သူ ဦးမြင့်အောင် ဖြစ်ရပ်ကို ကျန်ရစ်သူ မိသားစုများနှင့် အတူ ထပ်တူ ၀မ်းနည်းကြေကွဲ ကြောင်းနှင့် နိုင်ငံအ၀န်းရှိ လယ်ယာမြေ ပြဿနာများကို ဥပဒေနှင့် အညီ ဖြေရှင်းရန် ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂက သဘောထား ထုတ်ပြန်ထားသည်။
Written by ဖြိုးဝေအောင်


0 comments:
Post a Comment