မြေပုံမြို့နယ် အမျိုးသမီး ၅ ဦး အပါအ၀င် လူကုန်ခံရသူ ၅၂ ဦး ပျောက်ဆုံးနေ
ရခိုင်ပြည်နယ်မှ အမျိုးသမီး ၅ ဦး အပါအ၀င် လူပေါင်း ၅၂ ဦးမှာ လူကုန်ကူခံ ရပြီးနောက် ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။
လူကူးခံရသူများမှာ မြေပုံမြို့နယ် ရေခေါင်းချိန်က ၁၄ ယောက်၊ သ၀င်စိတ်ကေ ကျေးရွာနှင့် ပေါက်တူးတောင်ကျေးရွာက ၃၈ ယောက်၊ စုစုပေါင်း ၅၂ ယောက် ဖြစ်ကြောင်း ရေခေါင်းချိန်ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောဆိုသည်။
“ သူတို့ကို ဧပြီလ ၁ ရက်နေ့ကနေ ခေါ်ဆောင်သွားပါတယ်။ တရုတ်ပြည်ကြီးကို ခေါ်သွားပါတယ်။ ဦးလှထွန်းတင်က ခေါ်သွားပါတယ်။ ဒီကနေ့ထိ ဆက်သွယ်မရသေးပါဘူး။ ဦးလှထွန်းတင်က ဖုန်းမကိုင်တော့ပါ” ဟု ဆိုသည်။
မိသားစုများ အနေနဲ့ သူတို့ကို ဘယ်ကို ရောက်နေသည်ကို ဖော်ထုတ် မပေးနိုင်လျှင် ရဲကို တိုင်ကြားရန် သတိပေးထားသည်ဟု ဆိုသည်။
၎င်းအထဲတွင် အသက် ၁၉၊ ၂၀ အရွယ် အမျိုးသမီး (၅) ဦးလည်း ပါဝင်သွားသဖြင့် မိသားစုများ အနေဖြင့် အထူး စိုးရိမ်နေကြသည်ဟု သိရသည်။ ယခု လူကုန်ကူးမှုတွင် လူပေါင်း (၇) ဦးခန့် ပါဝင်ပတ်သက်နေသည်ဟု သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ရေခေါင်းချိန်ကျေးရွာအား ကိုင်တွယ်သော ကမ်းထောင်းကြီးမြို့ ရဲစခန်းသို့ ဆက်သွယ်ရာ စခန်းသို့ တိုင်ကြားမှု မရှိသေးကြောင်း၊ တိုင်ကြားက အရေးယူမည် ဖြစ်ကြောင်း၊ ယခင်က သရက်တောင် တွင် ဖြစ်ပွားခဲ့သာ လူကုန်ကူးမှုကို အမှုဖွင့်ထားကြောင်း၊ တရားခံများမှာ ထွက်ပြေးသွားကြောင်း စခန်းမှူးက ပြောဆိုသည်။
Ref: http://www.narinjara.com/burmese/?p=14315


0 comments:
Post a Comment