လိပ်ကျွန်းလူသတ်မှု စွပ်စွဲဖမ်းဆီးခံထားရသူ ကိုဝင်းဇော်ထွန်းရဲ့ ဖခင်ကွယ်လွန်
ဦးထွန်းထွန်းထိုက်သည် ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာရှိ ၎င်း၏နေအိမ်၌ မေလ ၁၄ရက် နံနက် ၇ နာရီ ၅၅မိနစ် အချိန်တွင် ကွယ်လွန်သွားကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် (၆၇) နှစ်ရှိပြီ ဖြစ်ကြောင်း ကျောက်ဖြူလူမှုကွန်ယက်မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုထွန်းထွန်းနိုင်က ပြောသည်။
“ မေလ ၁၃ရက်ညနေပိုင်းမှာ ရုတ်တရက် နေမကောင်းဖြစ်လာပြီးတော့ မေလ၁၄ရက်နေ့ နံနက်ပိုင်းမှာ သေဆုံးသွားတာဖြစ်တယ်” ဟု ဆက်လက် ပြောဆိုသည်။
ဦးထွန်းထွန်းထိုက်သည် လွန်ခဲ့သော တစ်လခန့်က ရန်ကုန်မြို့တွင် ဆေးရုံးတက်ခဲ့ပြီး ဦးနှောက်တွင် အကျိတ်တစ်ခု တွေ့ရှိခဲ့ပြီး ခွဲစိတ်ကုသခဲ့ရသည်။
လွန်ခဲ့သော ၁၀ရက်ခန့်ကရန်ကုန်မြို့မှ ကျောက်ဖြူမြို့သို့ ပြန်ရောက်လာရာ မေလ၁၃ရက်ညနေပိုင်းက ရုတ်တရက်နေမကောင်းဖြစ်လာသည်ဟု သိရသည်။
သေဆုံးသွားသူ ဦးထွန်းထွန်းထိုက်အား ရွာ၏ ဓလေ့ထုံးတမ်းအရ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာ ၎င်း၏နေအိမ်၌ မေလ ၁၅ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်သည်။


0 comments:
Post a Comment