ရခိုင်တို့၏ ရင်ဘတ်တိုင်းမှာ ရှိနေရမည့် အမှတ်တံဆိပ်
ကမ္ဘာတစ်ဝှမ်း ပြန့်နှံ့ရောက်ရှိနေကြသော ရခိုင်အမျိုးသား၊ အမျိုး သမီးများ
အနေဖြင့် နိုင်ငံတကားအခမ်းအနားပွဲ တက်ရောက်ကြ
ရာ တွင်၎င်း ၊ အခြားလူမျိုးများနှင့် တိုင်းရင်းသားတို့၏ ရိုးရာပွဲ များ၊
အခမ်းအနားပွဲ များသို့ တက်ရောက်ကြရာတွင်၎င်း၊၊ INGOs ၊ NGOs များမှ ပြလုပ်
သော အခမ်းအနားများ တက်ရောက်ကြရာ
တွင်၎င်း၊ရခိုင်လူမျိုးတိုင်း၏ ရင်ဘတ်ပေါ်တွင် ရှိနေသင့်သည့် ရခိုင်အမှတ်တံဆိပ် ။
မပြောဘဲ
သိနေမည့် အမှတ်တံဆိပ်။ ။ ။ ရခိုင်ပြည်နှင့်
ရခိုင် လူမျိုးကို ကိုယ်စားပြုသည့် ဤအဆင့်မြင့်
ကြေးရင်ထိုးရခိုင် အမှတ် တံဆိပ်များကို ရခိုင်အမျိုးသား/သမီးတိုင်း ရင်ဘတ်ပေါ်
တွင် ဂုဏ်ယူစွာ တပ်ဆင်၍ အခမ်းအနားများကို တက်ရောက်ခြင်း အားဖြင့်
မြင်သူ အပေါင်းကို မိမိသည် ရခိုင်လူမျိုးဖြစ်ကြောင်း ဖွင့်မပြောသော်လည်း ပြောနေဘိ သကဲ့သို့ သိသာစေမည့် ရခိုင်အမှတ်တံဆိပ် ။
တန်ဖိုးနည်းသော်လည်း
ရခိုင့်ဂုဏ်ရည်မြင့်ပစ္စည်း
ရခိုင်အမျိုသားရေးလက္ခဏာကို ပီပြင်စွာ
ပေါ်လွင်အောင် ဖေါ် ဆောင်သော ပစ္စည်းဖြစ်သောကြောင့်
ရခိုင်အမျိုးသား/သမီးတိုင်း ဘ၀ တစ် သက်တာတွင် တစ်ယောက်တစ်ခုကျစီ
ဆောင်ထား သင့် ပြီး ရတနာ တန်းဝင် ရွှေ၊ငွေ၊စိန်၊ ကျောက်များနှင့် တန်းတူ
တန်ဖိုးထားကာ သိမ်း ထားသင့်သော ရခိုင်အမှတ်တံဆိပ်။
လက်ဆောင်မွန်။ ။ရခိုင်လူမျိုးတစ်ယောက်အနေဖြင့် လူမျိုးခြား
အသိမိတ်ဆွေများအား မိမိတို့၏ အမျိုးသားရေး တံဆိပ်
ဖြစ်သောဤရခိုင်ပြည်ရင်ထိုးအမှတ်တံဆိပ်ကို လက်ဆောင် ပေးရ သည်လောက် မွန်မြတ်သည့် ပစ္စည်း အခြားရှိအံ့မထင်ပါ။
လက် ဆောင်ရသူ တစ်ဦး အနေဖြင့်လည်း လက်ဆောင်ပေးသူ၏ မျိးချစ် စိတ် နှင့်
တိုင်းပြည် ချစ်စိတ်ကို မပြောဘဲ သိသွားစေမည့် အမျတ်ဆံဆိပ်။
ထိုသို့ မိမိတို့ရဲ့ အမှတ်ဆိတ်များကို မိမိက အမြတ်တနို
တန်ဖိုးထားမှသာလျှင် တိုင်းရင်းသားအပေါင်း တို့လည်း လေးထားလာမည်ဖြစ်ပါသည်…
by: မာရယု ရင်ခွင် ![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPnUE06zTsAzLHZouVbzisfMzAvb2WJ_PqWml2VGDx4OWesX2QdPnWS9T2X8kMaaX9rioVejE5hOQmb9fdquht13q1f0RN0w6BPKOTU5seIdLMogQNDl9l7CKIJ3_Nox3LKQMIT-qgbCeJ/s1600/cover+-+Copy.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPnUE06zTsAzLHZouVbzisfMzAvb2WJ_PqWml2VGDx4OWesX2QdPnWS9T2X8kMaaX9rioVejE5hOQmb9fdquht13q1f0RN0w6BPKOTU5seIdLMogQNDl9l7CKIJ3_Nox3LKQMIT-qgbCeJ/s1600/cover+-+Copy.jpg)
0 comments:
Post a Comment