‘ရခိုင်အမျိုးသားနေ့’ အစိုးရမှ တရားဝင်အသိအမှတ် မပြုသေးသော်လည်း ဆက်လက်ကျင်းပမည်
ရန်ကုန်၊ မေ ၉
2014 ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကျင်းပခဲ့သော
ကျောက်ဖြူ အမျိုးသားညီလာခံမှ ရခိုင်အမျိုးသားနေ့ကို သတ်မှတ်ခဲ့သည်။)
ကျောက်ဖြူ အမျိုးသားညီလာခံမှ ရခိုင်အမျိုးသားနေ့ကို သတ်မှတ်ခဲ့သည်။)
“ ရခိုင်အမျိုးသားနေ့ကို နိုင်ငံတော်က တရားဝင် ပေးပေး၊ မပေးပေး ဆက်လက် ကျင်းပသွားမှာပါ။ အစိုးရက တရားဝင် စာထုတ်ပြီး အသိအမှတ် မပြုသေးပေမဲ့ နိုင်ငံတော်က တရားဝင် ကျင်းပပြုလုပ်ခွင့် ပေးခဲ့တဲ့ ရခိုင်အမျိုး သားညီလာခံကြီးက သတ်မှတ်ခဲ့တာလေ။ ဒါဆိုရင် အစိုးရက တရားဝင် သိထားပြီးသားပါ။ အဓိကကတော့ မိမိတို့ ရခိုင်တစ်မျိုးသားလုံး ရင်ထဲက၊ နှလုံးသားထဲက အသိအမှတ်ပြုထားဖို့နဲ့ ကျင်းပပြုလုပ်ဖို့ပဲ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေးအတွက် ဦးဆောင်ကြိုးပမ်းရာတွင် ပါဝင်ခဲ့သူ ဦးဖေသိန်းမှလည်း “နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ် မပြုသေးပေမဲ့ ပထမအကြိမ် ရခိုင်အမျိုးသားနေ့တုန်းကတော့ နာယကကြီး ဦးသာဘန်း လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတကြီးဆီ တင်သွင်းခဲ့ပါ တယ်။ ရခိုင်ပြည်နယ်မှာတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဦးဆောင်ပြီး စည်စည်ကားကား ကျင်းပခဲ့ပါတယ်။ ဒီနှစ်လည်း ရန်ကုန်မှာရော၊ ရခိုင်ပြည် မှာပါ ကျင်းပပြုလုပ်မှာပါ” ဟု ဆိုသည်။
ယင်းပြင် ရခိုင်အမျိုးသားနေ့ကို ရခိုင်အမျိုးသားများက စုစုစည်းစည်းဖြင့် ကျင်းပကြစေလိုသည်ဟု ဆိုသည်။
“ ရခိုင်အမျိုးသားနေ့’ ဆိုတာ ရခိုင်တစ်မျိုးသားလုံးရဲ့ ရက္ခိတ တရားကို နှစ်ပေါင်း ထောင်ချီပြီး ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ သင်္ကေတပါ။ ဒါကြောင့် ရခိုင်တစ်မျိုးသားလုံးက တန်ဖိုးထား အမှတ်ရကြပါ။ မိမိတို့ ရောက်ရှိတဲ့ နေရာမှာ စုစုစည်းစည်းနဲ့ ကျင်းပပြုလုပ်ကြပါလို့ တိုက်တွန်းချင် ပါတယ်’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရေးအတွက် ကြိုးပမ်းရာတွင် ပါဝင် သည့် ကိုမောင်မောင်သန်းမှလည်း “ အစိုးရက အသိအမှတ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ မိမိတို့ကတော့ အသိအမှတ်ပြု ဆက်လက် ကျင်းပသွားမှာပါ။ အစိုးရအနေနဲ့လည်း လုပ်စရာတွေ များနေလို့ သတိမမူမိ တာလို့ပဲ ထင်ပါတယ်။ နောက်တော့ တရားဝင် စာထုတ် အသိအမှတ် ပြုလာ မှာပါ။ ဒီနှစ်တော့ နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် မတက်ရောက်နိုင်ရင် တောင်မှ သ၀ဏ်လွှာပေးပို့မယ်လို့တော့ ထင်ပါတယ်” ဟု ဆိုသည်။
ယခုနှစ်ကျရောက်သည့် ဒုတိယအကြိမ်မြောက် ‘ရခိုင်အမျိုးသားနေ့’ ကို ရခိုင်ရိုးရာ ပြက္ခဒိန်အရ ဒုတိယ ကဆုန်လပြည့်ကျော် ၁ ရက် နေ့ ဖြစ်သည့် လာမည့် ဇွန်လ (၂) ရက်နေ့တွင် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။
“ ရခိုင်အမျိုးသားနေ့” အဖြစ် သတ်မှတ် ခဲ့သည့် နေ့သည် နိုင်ငံရေးနှင့် အမျိုးသားရေး ထက် ဘာသာရေးနှင့် ဆက်စပ် နှီးနွယ်မှုများ ရှိသဖြင့် ဝေဖန်မှုများ ရှိနေသော်လည်း မဟာမုနိ ရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ခဲ့သော ကဆုန်လ ပြည့်ကျော် ၁ ရက်နေ့သည် ရခိုင်လူမျိုးတို့၏ သမိုင်းဖြစ်စဉ် တစ်ခုလုံးကို ယနေ့အထိ ကိုယ်စား ပြုနိုင်သော ရက်မြတ်ပင်ဖြစ်ကြောင်း ယင်းနေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်သူတို့က ပြန်လည် ချေပ ပြောဆိုသည်။
ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ)တွင် ရခိုင်အမျိုးသားနေ့ သတ် မှတ်နိုင်ရေး အတွက် ရခိုင့်ပညာတတ် ဆရာတော်များ အပါအ၀င် စာပေ၊ သမိုင်း ပညာရှင် စုစုပေါင်း ၄၅ ဦး ကော်မတီက ဦးဆောင် ကြိုးပမ်းခဲ့ကြသည်။
ရခိုင်အမျိုးသားနေ့ ကို သတ်မှတ်ရာတွင်လည်းကောင်း၊ ကျင်းပ ပြုလုပ်ရာတွင်လည်းကောင်း ရခိုင်နက္ခတ်များနှင့် အညီ ရခိုင့် ပြက္ခဒိန် နှစ်၊ လ၊ ရက် များအတိုင်းသာ ပြုလုပ်ရမည်ဟု သတ်မှတ်ထားသော်လည်း ရခိုင်ပြည်နယ်ရှိ အချို့ ဒေသများနှင့် ပြည်ပနေရာ တစ်ချို့တွင် ပြီးခဲ့သည့် ကဆုန်လပြည့်ကျော် ၁ ရက် နေ့က အမျိုးသားနေ့ကို ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
၂၀၁၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ ကျောက်ဖြူမြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် “ရခိုင်အမျိုးသား ညီလာခံ” ကြီးက ဘီစီ ၁၂၃ ခု ရခိုင်ဘုရင် စန္ဒသူရိယလက်ထက် မဟာမုနိ ကိုယ်ပွားတော်မြတ်ကို သွန်းလုပ်ပြီးစီးသော ကဆုန်လပြည့်ကျော် ၁ ရက်နေ့ကို ‘ရခိုင်အမျိုးသားနေ့’ အဖြစ် သတ်မှတ်ခဲ့ကြသည်။
http://www.narinjara.com/burmese/


0 comments:
Post a Comment