Sunday, 10 May 2015

နေအိမ်အား ကားဝင်တိုက်မိရာ အိပ်နေသူမှ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမရောက်မီ ကွယ်လွန်

ကားတစ်စီးသည် အကွေ့၌ အရှိန်မထိန်းနိုင်ဘဲ နေအိမ်အား ၀င်တိုက်မိရာမှ အိမ်ထဲတွင် အိပ်ပျော်နေသည့် လူတစ်ဦး ဒဏ်ရာများရရှိကာ ဆေးရုံမရောက်မီ လမ်း၌ ကွယ်လွန်သွားသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့တွင် ယနေ့ မေလ(၉)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၅ခုနှစ် မေလ(၉)ရက် ညနေ(၃)နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၂)ရွာ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမပေါ်တွင် တာလေမြို့ဘက်မှ တာချီလိတ်မြို့သို့ စိုင်းဆိုင် မောင်းနှင်လာသည့် မော်တော်ကားတစ်စီးသည် အခင်းဖြစ်ပွားရာ လမ်းအကွေ့ အရောက်တွင် အရှိန်မထိန်းနိုင်တော့ဘဲ လမ်းယာဘက်ရှိ ဦးအားဆက်၏ နေအိမ်ဝင်းမှ မိုင်းကိုး - တာချီလိတ် လိုင်းကား မောင်းသူ ဦးစိုးနိုင်၏ တဲအိမ်အား ၀င်ရောက်မိခဲ့ရာမှ တဲအိမ်အတွင်း အိပ်နေသော ဦးစိုးနိုင်မှာ ဒဏ်ရာများ ရရှိပြီး တာချီလိတ်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်း၌ ကွယ်လွန်သွားခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား အရှိန်ပြင်းစွာ မောင်းနှင်သူ စိုင်းဆိုင်အား တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၂၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ ယနေ့ ညနေ(၅း၅၀)နာရီအချိန်က အမှုဖွင့်လှစ်ထားရှိကြောင်း သိရှိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net   

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate