Saturday, 9 May 2015

လားရှိုး ပေါက်ကွဲမှု ကလေး ၁ ဦးသေ၊ လူကြီး ၂ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၁၂ မှာရှိတဲ့ ကုန်တင်ယာဉ်ကြီးများ ရပ်နား စခန်းဝင်းအတွင်းက လူနေတိုက်ခန်းတခုမှာ မေ ၉ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူကြီး ၂ ဦး ဒဏ်ရာရပြီး ကလေး ၁ ဦးသေဆုံးသွားပါတယ်။

၃ နှစ် ကလေးငယ်က လျက်ဆား ပုလင်းနဲ့ ပုံစံတူတဲ့ ပစ္စည်းတခုကို ကောက်ယူလာပြီး ဖခင်နဲ့ အတူ ဆော့ကစားရာက   ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကာယကံရှင် အမျိုးသမီးက ပြောပါတယ်။ဒီပေါက်ကွဲမှုကို ဗုံးပေါက်ကွဲမှုလို့ ရဲတပ်ဖွဲ့က ယူဆပြီး မြို့ခံ လူထုတွေအနေနဲ့ မသင်္ကာဖွယ် ပစ္စည်း တခုခုကိုတွေ့ရင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးဖို့ ရှမ်းပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့မှူး အောင်မြတ်မိုးက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်အတွက် ရဲတပ်ဖွဲ့က ငွေကျပ် ၂ သိန်း ထောက်ပံ့ခဲ့ပါတယ်။

 By ခွန်ဇော်ဦး  (ဒီဗွီဘီ)
http://burmese.dvb.no


0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate