Monday, 18 May 2015

အိမ်မှ ဆင်းသွားသောဇနီးကို လိုက်ခေါ်ရာမှ ယောက်ဖ လက်ချက်ကြောင့် သေဆုံး


ပခုက္ကူ ၊ ၁၈-၅-၂၀၁၅
ပခုက္ကူမြို့နယ်၊ ဆားကျင်း ကျေးရွာနေ ဒေါ်ဌေးဝင်း သည် မေ ၁၃ ရက် ညနေ ၃ နာရီက ၄င်း၏ နေအိမ်တွင် ရှိနေစဉ် ဒေါ်ဌေးဝင်း ၏ သားဖြစ်သူ ချမ်းသာအောင် က ၄င်း၏ ဇနီးဖြစ်သူ နေအိမ်မှ ဆင်းသွားသဖြင့် လိုက်ခေါ်မည် ပြော၍ ထွက်သွား ခဲ့ပြီးနောက် အဆိုပါနေ့ ည  ၈ နာရီခွဲ ခန့်တွင် သားဖြစ်သူနှင့် အတူ လိုက်သွားသည့် တစ်ရွာတည်းနေ သာဌေး က ချမ်းသာအောင် ကို၎င်း၏ ယောက္ခမ နေအိမ်တွင် ဝိုင်းလုပ်သဖြင့် ချမ်းသာအောင် သေပြီဟု လာရောက် ပြောပြခဲ့ သောကြောင့် ဒေါ်ဌေးဝင်း မှာ သာဌေး နှင့်အတူ ရွာသစ်ကျေးရွာ သို့ လိုက်သွားခဲ့ရာ ရွာသစ်ကျေးရွာ ရှိ ဦးဝင်းမောင် ၏ နေအိမ်အနီး အရောက်တွင် သားဖြစ်သူ ချမ်းသာအောင် ကို ဦးခေါင်း ယာချိုစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာ နှစ်ချက်၊ ခါး၏ဝဲဘက် ထိုးသွင်းဒဏ်ရာ တစ်ချက် တို့ဖြင့် သေဆုံး နေသည်ကို တွေ့ရှိခဲ့ ရ၍ စုံစမ်းခဲ့ရာ ရွာသစ်ကျေးရွာ နေ ချမ်းသာအောင် ၏ ယောက်ဖတော်သူ ဇော်မောင် က ချမ်းသာအောင် ကို ဓားသွေးကျောက် နှင့်ထုပြီး ဓားမြောင်ဖြင့် ထိုးခဲ့ သောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိ ခဲ့ရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဇော်မောင် ကို အရေးယူ ပေးရန် မေ ၁၄ ရက် နံနက် ၂ နာရီတွင် ဒေါ်ဌေးဝင်း က တရားလိုပြု တိုင်တန်းခဲ့ သဖြင့် ပခုက္ကူမြို့နယ် မြစ်ခြေ နယ်မြေ ရဲစခန်းက (ပ)၃၂/၂ဝ၁၅၊ ပုဒ်မ-၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ (ခင်မမဇော်)

PyiChitThar
http://www.pyichitthar.com

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate