မန်စီမြို့နယ်အတွင်း ကေအိုင်အိုအဖွဲ့မှ သစ်ခိုးထုတ် ရန် ဒေသခံရွာ သားများ အား ဖမ်းဆီးခေါ်ဆောင်

မတ်လ ၂၃ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်၊မန်စီမြို့နယ်၊ကိုင်ထိပ်ကျေးရွာရှိ ဒေသခံရွာသားများအား
ကေအိုင်အေအဖွဲ့မှ ဒေသအတွင်း သစ်များအား တစ်ဖက်နိုင်ငံ သို့ မှောင်
ခိုရောင်း ချရန် မတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင် သွား ခဲ့ ကြောင်း
သိရှိရသည်။
ကေအိုင်အေအဖွဲ့မှ
ကိုင်ထိပ်ကျေးရွာ၌နေထိုင်သောဒေသခံရွာသားတို့အား တစ်ဖက်နိုင်ငံသို့ သစ် များ
မှောင်ခိုတင်ပို့ရောင်းချရန် ဖမ်းဆီးခေါ်ဆော င် သွား ခဲ့ကြောင်း
ဒေသခံရွာသား တစ်ဦး မှ ပြောကြား ခဲ့သည်။
“ ကျွန်တော်တို့ ရွာကို
ကေအိုင်အေအဖွဲ့က လက်နက်ကိုင် တပ် သားတွေရောက် လာပြီး ငါတို့ လူအင်အား
များများလိုချင်တယ်၊ နင်တို့ ဘက် က ငါတို့တောင်းတဲ့ လူအင်အားမပေးရင် ရွာကို
မီးရှို့ ပစ်မယ် ” ဟုပြောပြီး ရွာထဲမှ လူငယ် ယောက်ျားလေးများကို
ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း ယင်းဒေသ ခံ ရွာသားမှ ဆက်လက် ပြောကြားခဲ့သည်။
“ ကေအိုင်အေအဖွဲ့က သစ်ခိုးထုတ်ရန် ကျွန်မ သားကိုဖမ်းခေါ်သွားကြ
ပါတယ်၊ကျွန်မမှာ အားကိုးစရာဆို လို့ ဒီသားတစ်ယောက်ဘဲ ကျန်တော့
တာပါ၊ယောက်ျားဖြစ်သူကိုလဲ ကေအိုင်အေအဖွဲက လူသစ်စုဆောင်း တယ်ဆိုပြီး
ဖမ်းဆီးခေါ်ဆောင် သွားတာသေပြီဆိုတဲ့ သတင်းဘဲကြားရတယ် အလောင်းတောင်
ပြန်မတွေ့ ပါဘူး၊ အခု သားကိုပါ ခေါ်သွားတယ်ဆိုတော့ ကျွန်မ
ဘယ်သူကို အားကိုး ရမှာလဲ ” ဟု ယင်းကျေးရွာ မှ ဒေသခံ အမျိုးသမီး မှ
ပြောကြားခဲ့သည်။
ကေအိုင်အေအဖွဲ့သည် လက်ရှိ ရန်ကုန်မြို့ တွင်
ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်ရေး အဖွဲ့ (UPWC) နှင့် အပစ်ရပ်
စဲရေးဆွေးနွေး ပွဲ ဆောင်ရွက်နေချိန် အတွင်း ဒေသခံရွာသား များအား
နိုင်ထက် စီးနင်းပြုလုပ်ခြင်း၊ တရားမ၀င်သစ်များ မှောင်ခို ထုတ်ယူနေမှု ဟာ
နိုင်ငံ၏ အကျိုးစီးပွားကို ပျက် ယွင်းစေကြောင်းနှင့် နိုင်ငံအတွင်း
ငြိမ်းချမ်းရေးကို များစွာ ထိခိုက်စေကြောင်း မြို့ခံစီးပွားရေး
လုပ်ငန်းရှင် တစ်ဦး က ပြောကြားသွား ခဲ့ပါသည်။
လမိုင်းဟန်


0 comments:
Post a Comment