Sunday, 10 May 2015

ဒီးဆ ခေါ် ထမင်းထောင်ရိုးရာပွဲ ပထမဆုံးအကြိမ် စုပေါင်းကျင်းပ


ကယားရိုးရာ ဒီးဆ ခေါ် ထမင်းထောင်ပွဲကို ကယား အမျိုးသား လူငယ်များက စုပေါင်းပွဲ အနေဖြင့် ဒီးမော့ဆိုမြို့ ကန်ခုနှစ်ဆင့် တနီးလာလဲရွာအနီးတွင် ဖေဖော်ဝါရီ (၇) ရက်နေ့ ၌ ပထမအဆုံးအကြိမ် စတင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဒီးဆ ခေါ် ထမင်းထောင်ရိုးရာသည် ကယားလူမျိုးများ ကျေးရွာတိုင်းနှစ်စဉ်နှစ်တိုင်း စပါးသီးနှံများထွက်ရှိပြီးနောက် ကောက်သစ်စားပွဲကျင်းပလေ့ရှိသည့် ရိုးရာဓလေ့ တစ်ခုဖြစ်သည်။ ယခုကဲ့သို့ ကယားအမျိုးသားလူငယ်များက စုပေါင်းကျင်းပရခြင်းသည် တိုင်းရင်းသားညီကိုမောင်နှမများ အားလုံးသွေးစည်းညီညွတ်ရေးအတွက် တွေ့ဆုံနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ကယားအမျိုးသားလူငယ် ဥက္ကဌ ခူးလိရယ်အန်းဂျေလိုက ပြောသည်။

“အဲလိုထမင်းနယ်လုပ်စားပြီးတော့မှ အိမ်နီးနားချင်းတွေရော ရွာသူရွာသားအားလုံးကို ခေါ်ပြီးမှ စုပေါင်းစားကြတာပေါ့။ စည်းလုံးတယ်ဆိုတဲ့သဘောကိုဆောင်တာပေါ့။” ဟု ပြောသွားပါသည်။

ဒီးဆဆိုသည်မှာ ဆန်အသစ် ၊ ချင်း ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ကြက်သားသို့မဟုတ် ဝက်သား ၊ ဂျူးမြစ် ၊ ငရုတ်သီး ၊ ဆီ ၊ ဆား အားလုံးစုံစုံလင်လင်ဖြင့် ထောင်ဆုံကြီးထဲတွင် စုပေါင်းဆောင်ရွက်ပြီး အတူတကွ စားသုံးကြခြင်းဖြစ်သည်။

ဤကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် လူမျိုးတစ်ခုတွင် တစ်ဦးတစ်ယောက်တည်းနေထိုင်လို့မရကြောင်း ၊ လူမျိုးဆွေမျိုးများနှင့်အတူတကွ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ပေါင်းစည်းနေထိုင်ရာ အသွင်ဆောင်ပေးကြောင်း ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးရယ် က ဒီးဆ၏ အဓိပ္ပာယ်ကို ပြောသွားပါသည်။

“အနယ်စုံထည့်ပြီးတော့မှ နယ်စားတဲ့ဒီးဆကိုစားခြင်းအားဖြင့် ကျနော်တို့အားလုံးတွေလည်းပဲ ဒီ ဒီးဆ လိုပဲ စည်းလုံးတယ်။ ပေါင်းစည်းညှိနှိုင်းပြီးတော့ အတူတကွ နေထိုင်ကြတဲ့ အဓိပ္ပာယ်ပေါ့။” ဟု ဦးဦးရယ်က ပြောသည်။

ယင်းပွဲသည် ကယားအမျိုးသားလူငယ်မှ ဦးဆောင်ကျင်းပသွားခြင်းဖြစ်ပြီး ပြည်နယ်အတွင်းရှိ ကယားအမျိုးသားများသာမက ရှမ်းပြည်နယ်တောင်ပိုင်း နှင့် အနယ်နယ်အရပ်ရပ်တွင်ရှိသော ကယားလူမျိုးများ တက်ရောက်ခဲ့ကြသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP မှ ကိုယ်စားလှယ်များ ၊ ကရင်နီအမျိုးသားဒီမိုကရက်တစ်ပါတီ KNDP (နဂါး) ကိုယ်စားလှယ် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ၊ ဒေသခံလူမှုအသင်းအဖွဲ့များ နှင့် အနယ်အနယ်အရပ်ရပ်မှ လူငယ်အများတက်ရောက်ကြကာ လူဦးရေ (၅၀၀) ကျော်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

ဖြိုးဝေအောင်
ကန္တရ၀တီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate