Sunday, 10 May 2015

ဓားသွေးကျောက်ရှာဖွေစဉ် တွေ့ရှိသည့် ဗုံးသီးဟောင်းအား ထမ်းလာရာက ပြုတ်ကျပေါက်ကွဲသဖြင့် သေဆုံး/ဒဏ်ရာရ


နေပြည်တော်၊ မေ ၁ဝ
၂ဝ၁၅ ခုနှစ်၊ မေလ ၉ ရက်နေ့ နံနက် ၁၁ နာရီအချိန် ဧရာဝတီတိုင်း ဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မကျီးပင်ကွင်း ကျေးရွာတွင် ဗုံးသီးဟောင်း ပေါက်ကွဲ၍ (၂)ဦးဒဏ်ရာ ရရှိကြောင်း သတင်းအရ မဲဇလီကုန်း နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက် စစ်ဆေးရာ အင်္ဂပူမြို့နယ်၊ ညောင်ပင်သာ ကျေးရွာနေ ကျော်နိုင်(၃ဝ)နှစ်အား ဝဲ/ယာခြေထောက်ဒူးဆစ် အောက်ပိုင်း ကြေမွပြတ်တောက် ဒဏ်ရာ များနှင့် ကဒူးပေါက်ကျေးရွာနေ မျိုးဇော်ဦး(၂၃)နှစ်အား ဝဲပါး/ နဖူး/ ဝဲခြေကျင်းဝတ် ပေါက်ပြဲ ဒဏ်ရာ များဖြင့် တွေ့ရှိရသည်။
 စစ်ဆေးချက်အရ ကျော်နိုင်နှင့် မျိုးဇော်ဦးတို့သည် မကျီးပင်ကွင်းကျေးရွာ၊ သဲဖြူချောင်းအတွင်း ဓားသွေးကျောက်ရှာဖွေစဉ် ငှက်ပျောဖူးပုံဒလက်ပါဗုံးသီး(၁)လုံးအား တွေ့ရှိသဖြင့် (၂)ဦးအတူထမ်း၍ပြန်လာစဉ် နတ်ရေကန်ကွေ့အရောက် ၎င်းတို့ထမ်းလာသောဗုံးသီးပြုတ်ကျပြီး ပေါက်ကွဲမှု ဖြစ်ပွားရာက ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ကွင်းကောက်တိုက်နယ်ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့သည်။

 အဆိုပါ ဗုံးသီးပေါက်ကွဲမှုဖြစ်ပွားရာသို့ အင်္ဂပူမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေး ခဲ့ရာ ပေါက်ကွဲသည့်ဗုံးသီးမှာ ဂျပန်ခေတ် စစ်ကျန်ဗုံးသီးဟောင်းဖြစ်ကြောင်း၊ ပေါက်ကွဲပြီးကျန်ရှိသည့် ဗုံးသီးနောက်ပိုင်း၌ အရှည်(၁)ပေ၊ အချင်း(၃)လက်မ၊ လုံးပတ်(၁ဝ)လက်မခန့်ရှိ ဒလက်များပါရှိကြောင်း သိရှိရသည်။

 အဆိုပါ ဗုံးသီးဟောင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ(၂)ဦးအနက် ကျော်နိုင်မှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ယင်းနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန် သေဆုံးသွားသောကြောင့် မဲဇလီကုန်းနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၃/၂ဝ၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate