Friday, 12 June 2015

လှေစီးဒုက္ခသည် ၁၅၀ အား နှစ်နိုင်ငံအလံတင် အခမ်းအနားဖြင့် ဘင်္ဂလာဒေ့ရှ်သို့ လွဲပြောင်း

Myanmar-Arrest-Back-Bangladeshi
မင်းအောင်ခိုင်
စစ်တွေ ၊ ဇွန် ၉

လှေစီးဒုက္ခသည် အယောက် ၂၀၀ ထဲမှ  ၁၅၀ ဦးအား ဇွန်လ ၈ ရက်နေ့တွင်  မောင်တောခရိုင် တောပြိုဝဲ မြို့ ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် နှစ်နိုင်ငံအလံတင်  အခမ်းအနားပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့  လွဲပြောင်းပေးခဲ့ပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရခိုင်ပြည်နယ် ပြည်နယ် လ၀ကမှူး ဦးခင်စိုးက ပြောသည်။
အဆိုပါ လွဲပြောင်းပေးအခမ်းအနားကို ယင်းနေ့ မနက် ၁၁ နာရီတွင် စတင်ပြီး မွန်းလွဲ ၃ နာရီ အချိန် တွင် နှစ်ဘက်တာဝန်ရှိသူများ ဖြင့် လက်မှတ်ထိုးကာ လွဲပြောင်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

“   ညနေ  ၃ နာရီမှာ လက်မှတ်ထိုးမှုတွေ ပြီစီးသွားပါပြီ။ကျွန်တော်တို့ဘက်က  လွဲပြောင်းပေးလိုက်ပါပြီ ခင်ဗျ။  သူတို့ဘက်က ကား ၆ စီးနဲ့ လာခေါ်သွားကြပါပြီ  ”  ဟု ဦးခင်စိုးက ပြောသည်။
ယင်းလွဲပြောင်း ပေးအပ်ပွဲသို့ မြန်မာဘက်က မောင်တောခရိုင် လ၀က ဦးစီး ဒုညွှန်ကြားရေးမှူး ဦးစောနိုင် ဦးစီးသော ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ဘက်မှ ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) တပ်ရင်းမှူး  ဒုတိယဗိုလ်မှူးကြီး ခန်ဒါကာဆိုင်ဖူ အာလမ် ခေါင်းဆောင်သော အဖွဲ့ဝင် ခုနှစ်ဦးပါ ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့ကြောင်း သိရသည်။
ဘင်္ဂလာဒေရှ့်နိုင်ငံသား ၁၅၀ အား တောင်ပြိုနယ်စပ် တံတားတဆင့် မှ လွဲပြောင်းပေးအပ်ရာ အစောင့်အရှောက်ထူထပ်စွာဖြင့်  ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက ခေါ်ယူသွားကြောင်း သိရသည်။
Myanmar-Arrest_Back-Bangladeshi
ယခု လွဲပြောင်း လှေစီးဒုက္ခသည်များကိုသာမက ဧရာဝတီတိုင်းတွင် ဖမ်းမိသော လှေစီးသူ ၇၀၀ ကျော်အား ရခိုင်ပြည်နယ်တွင် လာရောက် နေရာချထားခြင်းနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် မြို့ကြီးများတွင် ဆန္ဒဖော်ထုတ်ပွဲများကို ပြုလုပ်ရန် စီစဉ်နေကြသည်ဟု သိရသည်။
စစ်တွေမြို့ဖိ မြို့ဖ ဦးသန်းထွန်းက “ ရခိုင်ပြည်နယ် အတွင်းက ဖမ်းမိတဲ့ လူတွေကို ရခိုင်ပြနယ်မှာ ထားတယ် ဆိုတာ ဒါနဲနဲ လက်ခံလို့ရသေးတယ်။ အခု ဧရာဝတီတိုင်းက ဖမ်းမိတဲ့ လူတွေကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်တာကတော ဒါပြည်ထောင်စု အစိုးရ အနိုင်ကျင့်တယ် လို့ခံစားရပါတယ် ” ဟုဆိုသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့သို့ လှေစီးဒုက္ခသည်များ ၉၀၀ အားစခန်းဖွင့် ထားရှိခဲ့ရာ ဇွန်လ ၅ ရက် နေ့တွင် မိုင်တိုင်အမှတ် ( ၃၇ )တွင် ထားရှိသည့် လှေစီးသူ ၆၀၀ ထဲမှ ၂ ဦးထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate