Saturday, 13 June 2015

မြန်မာ့အသံ ရေဒီယိုနှင့် ပုဂ္ဂလိက FM ရေဒီယိုများ၏ ထုတ်လွှင့်မှုများတွင် အများပြည်သူနား ဆင်ရန် မသင့်သည့် အသုံး အနှုန်းများ ထုတ်လွှင့်ပါက တိုင် ကြားနိုင်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် FM ရေဒီယိုစနစ်ဖြင့် အစီအစဉ်များ ထုတ်လွှင့်ခြင်းအတွက် ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်သည့် ချယ်ရီ FM မှ အပတ်စဉ် အင်္ဂါနေ့ နံနက် (၉) နာရီမှ (၉) နာရီခွဲ၊ သောကြာနေ့ ညနေ (၆) နာရီမှ (၆) နာရီ (၄၅) မိနစ်တို့တွင် ထုတ်လွှင့်နေသည့် Happy Time အစီအစဉ်တွင် အစီအစဉ် တင်ဆက်သူ အမျိုးသားက ဖုန်းဆက် စကားပြောသည့် အမျိုးသမီးများအား အဓိပ္ပာယ် အမျိုးမျိုး ကောက်ယူ နိုင်သည့် စကားများဖြင့် ပြောဆိုမှုသည်အများပြည်သူ နားထောင်ရန် မသင့်တော်ကြောင်း၊ ဖုန်းဆက်သူများ အထဲတွင်အသက်မပြည့်သေးသည့် ကလေးငယ်များပါနိုင်ပြီး ထိုကလေးငယ်များအပေါ် အခွင့်အရေး ယူသလို ဖြစ်နိုင်ပါကြောင်း တိုင်ကြား
လာသဖြင့် မြန်မာ့အသံနှင့်ရုပ် မြင်သံကြားမှ စိစစ်မှုများ ပြုလုပ်လျက်ရှိပါသည်။
ပြည်သူများအနေဖြင့် မြန်မာ့အသံ၊ ချယ်ရီ FM ၊ ရွှေ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ပဉ္စဝတီ FM နှင့် မန္တလေး FM များ၏ အစီအစဉ်များတွင် အများပြည်သူ နားဆင်ရန် မသင့်သော ပြောကြားချက်များ၊ လူမျိုးရေး၊ ဘာသာရေး အရ ခွဲခြားဆက်ဆံရာ ရောက်သော၊ အမျိုးသမီး၊ ကလေးငယ်များနှင့် မသန်စွမ်းသူများအပေါ် နှိမ့်ချရာ ရောက်သော၊ အခွင့်အရေးယူရာ ရောက်သော အသုံး အနှုန်းများပါဝင်ကြောင်း တွေ့ရှိ ပါက အောက်ဖော်ပြပါ လိပ်စာများသို့ တိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်-
၁။ ဒုတိယအမြဲတမ်းအတွင်းဝန် – ၀၆၇ – ၄၁၂၃၂၃ (ဖုန်း)
ပြည်ထောင်စုဝန်ကြီးရုံး – ၀၆၇ – ၄၁၂၀၁၇ (ဖက်စ်)
၂။ ညွှန်ကြားရေးမှူးချုပ် – ၀၆၇ – ၇၉၄၅၆ (ဖုန်း)
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား – ၀၆၇ – ၇၉၄၇၃ (ဖက်စ်)
၃။ ညွှန်ကြားရေးမှူး (အသံလွှင့်) – ၀၆၇ – ၇၉၂၁၂ (ဖုန်း)
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား – ၀၆၇ – ၇၉၂၀၅ (ဖက်စ်)၊ zeyar.mrtv3@gmail.com

MOI

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate