ရက်စက်လိုက်တာမေမေရယ်
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မေမေ
မေမေ
မရေမရာအကြောင်းတွေကြောင့်
အဖေဟာမကောင်းတာနဲ့
ပြစ်ခဲ့တာလားမေမေ။
မေမေ
ဓနအလွှာဂုဏ်တံတိုင်းမှာ
ငါ့ကမ္ဘာနင်မုန်တိုင်းပါလို့ 
အပြစ်ဖို့တာလားမေမေ။
မေမေ
ငါတို့အတိုင်းအဝိုင်းအတွက်န င်ဟာ
ဆူးငြောင့်ခလုပ်ပါဆိုပြီး
ရှင်းထုတ်လိုက်တာလားမေမေ။
မေမေ
နင့်အဖေတာဝန်မဲ့လေလို့
နင့်ကိုလေငါဝမ်းနာသမို့
ပစ်ရက်ခဲ့တာလားမေမေ။
မေမေ
ဒုက္ခပေးတဲ့ဒီသား
သံသရာတိုစေသားရယ်လို့
ထားခဲ့တော့တာလားမေမေ။
မေမေ
မေမေရှိတဲ့ဘဝမှာ
ထားရာနေစေရာသွား
သား နေသွားချင်တာပါမေမေ။
မေမေ
စားစရာမရှိဘူးငါ့သား
ကန်ဇွန်းပြုတ်ကိုထမင်းလုပ်စားဆို
သား စာမှာပါမေမေ။
မေမေ
ဝတ်စရာမရှိဘူးငါ့သား
သုဘရာဇာဆီကအဝတ်အစား
ငါ့သားဝတ်ထားဆိုလဲ
သား ဝတ်ထားမှာပါမေမေ။
မေမေ
ကစားစရာမဝယ်နိုင်ဘူးငါ့သား
အုန်းလက်ကိုနွားလုပ်ကစားဆို လဲ
သား ကစားပါ့မယ်မေမေ။
မေမေ
ကစားတတ်တဲ့အရွယ်
ဖော်ပေါင်းငယ်စုံလို့
အဖမဲ့တဲ့သား
လာ မကစားနဲ့ဆိုလဲ
အမေရှိတဲ့နား
တစ်ယောက်ထဲ
ကစားမှာပါမေမေ။
မေမေ
နေစရာမရှိဘူသား
သစ်ပင်ကိုအိမ်တိုင်လုပ်
စက္ကူကိုမိုးကာချုပ်လို့
တဲကုတ်နဲ့အိမ်တန်းလျား
သားနေသားကျပါတယ်မေမေ။
မေမေ
အများတကာကျောင်းသွား
ကျောင်းမထားနိုင်တဲ့အမေ့သား
ဇွဲမလျှော့အားမပျော့နဲ့
သဲသောင်ပြင်စာအုပ်အမှတ်
အမေ့သား ဝလုံးလှလှရေးလို့
အမေကျောင်းမှာတစ်ယောက်တက်မယ်မေမေ။
မေမေ
အချိန်တန်အရွက်ရောက်သမို့
အဖမဲ့တဲ့ဒီသား
မဒီကညာမချစ်ငြားလဲအားမငယ်
နိုင်ငံအတွက်အကျိုးပြုတဲ့
စစ်သားကြီးလုပ်မယ်မေမေ။
မေမေ
အခုတော့မေမေရယ်
ရခဲလှတဲ့လူ့ဘဝခြေချခါရှိသေး
လူတွေနဲ့ဝေးရပြီမေမေ။
မေမေ
ဒီဘဝဒီခန္ဓာမှာလူဆိုတာဖြစ်လာ မှတော့
ဘာတစ်ခုမှမပိုင်ဆိုင်လဲနေနှိုင်ပါတယ်
အမေ့ဆီကအမေ့မေတ္တာတော့
သားသမီးတိုင်းလိုချင်တယ်မေေ မ။
ဘဝဆက်တိုင်းရွှေမရှားငွေမရှားတဲ့ဘဝမှာ
အကြင်နာမေတ္တာရှားတဲ့မိဘတွေနဲ့ဝေပါရစေသားးးးး။
စာကြွင်း=မိဘမေတ္တာကိုစော်ကားလို၍မဟုတ်ဘဲ။
မိမိတာဝန်ကိုမိမိခံယူရဲသောမိခင်ဖခင်များဖြစ်စေရန်သာရည် ညွှန်းပါသည်။
Photo =အင်တာနက်
အားလုံးကိုခင်မင်လေးစားတန်ဖိုးထားလျှက်
စာသင်ရဟန်း
အဖေဟာမကောင်းတာနဲ့
ပြစ်ခဲ့တာလားမေမေ။
မေမေ
ဓနအလွှာဂုဏ်တံတိုင်းမှာ
ငါ့ကမ္ဘာနင်မုန်တိုင်းပါလို
အပြစ်ဖို့တာလားမေမေ။
မေမေ
ငါတို့အတိုင်းအဝိုင်းအတွက်န
ဆူးငြောင့်ခလုပ်ပါဆိုပြီး
ရှင်းထုတ်လိုက်တာလားမေမေ။
မေမေ
နင့်အဖေတာဝန်မဲ့လေလို့
နင့်ကိုလေငါဝမ်းနာသမို့
ပစ်ရက်ခဲ့တာလားမေမေ။
မေမေ
ဒုက္ခပေးတဲ့ဒီသား
သံသရာတိုစေသားရယ်လို့
ထားခဲ့တော့တာလားမေမေ။
မေမေ
မေမေရှိတဲ့ဘဝမှာ
ထားရာနေစေရာသွား
သား နေသွားချင်တာပါမေမေ။
မေမေ
စားစရာမရှိဘူးငါ့သား
ကန်ဇွန်းပြုတ်ကိုထမင်းလုပ်စ
သား စာမှာပါမေမေ။
မေမေ
ဝတ်စရာမရှိဘူးငါ့သား
သုဘရာဇာဆီကအဝတ်အစား
ငါ့သားဝတ်ထားဆိုလဲ
သား ဝတ်ထားမှာပါမေမေ။
မေမေ
ကစားစရာမဝယ်နိုင်ဘူးငါ့သား
အုန်းလက်ကိုနွားလုပ်ကစားဆို
သား ကစားပါ့မယ်မေမေ။
မေမေ
ကစားတတ်တဲ့အရွယ်
ဖော်ပေါင်းငယ်စုံလို့
အဖမဲ့တဲ့သား
လာ မကစားနဲ့ဆိုလဲ
အမေရှိတဲ့နား
တစ်ယောက်ထဲ
ကစားမှာပါမေမေ။
မေမေ
နေစရာမရှိဘူသား
သစ်ပင်ကိုအိမ်တိုင်လုပ်
စက္ကူကိုမိုးကာချုပ်လို့
တဲကုတ်နဲ့အိမ်တန်းလျား
သားနေသားကျပါတယ်မေမေ။
မေမေ
အများတကာကျောင်းသွား
ကျောင်းမထားနိုင်တဲ့အမေ့သား
ဇွဲမလျှော့အားမပျော့နဲ့
သဲသောင်ပြင်စာအုပ်အမှတ်
အမေ့သား ဝလုံးလှလှရေးလို့
အမေကျောင်းမှာတစ်ယောက်တက်မယ
မေမေ
အချိန်တန်အရွက်ရောက်သမို့
အဖမဲ့တဲ့ဒီသား
မဒီကညာမချစ်ငြားလဲအားမငယ်
နိုင်ငံအတွက်အကျိုးပြုတဲ့
စစ်သားကြီးလုပ်မယ်မေမေ။
မေမေ
အခုတော့မေမေရယ်
ရခဲလှတဲ့လူ့ဘဝခြေချခါရှိသေး
လူတွေနဲ့ဝေးရပြီမေမေ။
မေမေ
ဒီဘဝဒီခန္ဓာမှာလူဆိုတာဖြစ်လာ
ဘာတစ်ခုမှမပိုင်ဆိုင်လဲနေနှ
အမေ့ဆီကအမေ့မေတ္တာတော့
သားသမီးတိုင်းလိုချင်တယ်မေေ
ဘဝဆက်တိုင်းရွှေမရှားငွေမရှာ
အကြင်နာမေတ္တာရှားတဲ့မိဘတွေန
စာကြွင်း=မိဘမေတ္တာကိုစော်ကာ
မိမိတာဝန်ကိုမိမိခံယူရဲသောမ
Photo =အင်တာနက်
အားလုံးကိုခင်မင်လေးစားတန်ဖ
စာသင်ရဟန်း



0 comments:
Post a Comment