Friday, 24 July 2015

လော်ခီးလာညီလာခံ၌ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အဆို တင်သွင်း ထားသည့် အချက် ၁၃ ချက်လုံး ဒုတိယနေ့အစည်းအဝေးတွင် ဆွေးနွေးနိုင်

lawkhilar
ရန်ကုန် ဇူလိုင် ၂၃
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ (၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့အဖြစ် ယနေ့နံနက် ၁ဝ ရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တွင် ဆက်လက် ကျင်းပခဲ့သည်။
အစည်းအဝေးမစတင်မီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (SD) အဖွဲ့ခေါင်းဆောင် ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် တို့ က အဖွင့်မိန့်ခွန်း ပြောကြားသည်။
ယနေ့ ပြုလုပ်သော (UPWC) နှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေး
ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ NCA စာချုပ်အတွက် ဒုတိယနေ့ ဆွေးနွေးပွဲအား ညနေ ၄ နာရီခွဲတွင် ရပ်နားခဲ့ပြီး အစည်းအဝေးတွင် လော်ခီးလာ ညီလာခံမှ အဆို တင်သွင်းသည့် အချက် ၁၃ ချက်အနက် ကျန်ရှိနေသေးသည့် အချက် ကိုးချက်စလုံး အား ဒုတိယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေး နိုင်ခဲ့ကြကြောင်း သိရသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)၏ အထူးအကြံပေး ပုဂ္ဂိုလ် ဦးလှမောင်ရွှေ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေးကိုယ်စား လှယ်အဖွဲ့ (SD) ၏ ‘ဒုတိယအဖွဲ့ ခေါင်းဆောင်(၂) ပူးဇင်ကျုံးနှင့်SD အဖွဲ့ဝင် ဦးနိုင်ဟံသာတို့က ညနေ ၆ နာရီတွင် သတင်း မီဒီယာများအား ယနေ့ပြုလုပ်သည့် ဆွေးနွေးချက် များနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ယနေ့ပြုလုပ်သည့် နှစ်ရက်တာ အစည်းအဝေး ပြီးသည် အထိ လော်ခီးလာ ညီလာခံမှ အဆိုပြုထားသည့် NCA မူကြမ်းတွင် ပြန်လည် သုံးသပ်ချင်သည့် အချက် ၁၃ ချက်လုံးကို ဆွေးနွေးပွဲတွင် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ဆွေးနွေးခဲ့သော ၁၃ ချက်အနက် ၁ဝချက်အားNCA စာချုပ်တွင် အချောသပ် ညှိနှိုင်းနိုင်ခဲ့သည်ဟု ပြော၍ရပါကြောင်း၊ ကျန်ရှိနေသည့် အချက် သုံးချက်အနက် အချက် နှစ် ချက်ကိုလည်း နှစ်ဖက်ခေါင်းဆောင် များအနေဖြင့် ယာယီ သဘောတူညီ ထားပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် အချက် တစ်ချက်ကိုသာလျှင် ဆွေးနွေးရန် လိုတော့ကြောင်း၊ တိုင်းရင်းသားများဘက်တွင် ကျန်ရှိ သည့် ခေါင်းဆောင်များအား မေးမြန်း ပြီးပါက UPWC ကို ပြန်တင်ပြမည်ဟု ယေဘုယျ သဘောတူထားကြောင်း။
လက်ရှိ ခေါင်းဆောင်များဘက်က အဆိုပြုထားပြီး ဆွေးနွေးပွဲ အစီ အစဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘော တူညီမှုစာချုပ် (NCA) စာချုပ်အား အစိုးရနှင့် တိုင်းရင်းသားဘက်မှ မည်သည့် ခေါင်းဆောင်များ ပါဝင် လက်မှတ်ထိုးမည် ဆိုသည့် ကိစ္စရပ်၊ (NCA) စာချုပ်လက်မှတ် ရေးထိုးရာတွင် နိုင်ငံတကာ သက်သေအဖြစ် ဖိတ်ကြားသွားမည့် ကိစ္စရပ်၊ (NCA) စာချုပ် လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသားများဘက်မှ အဆိုပြုထားသည့် အားလုံး ပါဝင်နိုင်ရေး ကိစ္စရပ်များကို တတိယနေ့ အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြှင့် ညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့(SD) တို့၏ တတိယ နေ့ အစည်းအဝေးအဖြစ် ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန၌ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
MOI
http://www.myanma-dailynews.com/

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate