ကသာမြို့တွင် ကိုယ်အင်္ဂါ ချို့ယွင်းသည်အထိ အဓမ္မပြုကျင့်ခံရသော
ရှစ်နှစ်အရွယ် ကလေးငယ်၏ အမှုအား တိုင်းရုံးသို့ ဆက်လက် တိုင်ကြားခဲ့ရာ
ယခုစတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း အဆိုပါ ကလေးငယ်၏ မိခင်ဖြစ်သူထံမှ သိရသည်။
၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆) ရက်နေ့တွင် ကလေးငယ် အဓမ္မပြုကျင့်ခံရမှု
အတွက် နစ်နာကြေး၊ ကလေးငယ်၏ ကျန်းမာရေး အတွက် ကုသစရိတ်များ ရယူလိုမှုဖြင့်
ကသာခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ရာ ဇွန်လ (၁၇) ရက်နေ့ ရုံးချိန်းတွင်
အခင်းဖြစ် ကာလနောက် တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် တရားစွဲဆို
ပိုင်ခွင့် မရှိဟုဆိုကာ၊ ကသာခရိုင် တရားရုံးမှ ပလပ်ခံရသဖြင့် ဇူလိုင်လ
(၁၃) ရက်နေ့တွင် တိုင်းတရားရုံးသို့ ဆက်လက် တိုင်ကြားခဲ့ရာ၊ ဇူလိုင်လ (၁၅)
ရက်နေ့တွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်း တရားရုံးက ခရိုင်တရားရုံးရှိ
အမှုတွဲအား တောင်းယူသွားပြီ ဖြစ်ကြောင်း ၎င်းကပြောသည်။
“ခရိုင်တရားရုံးက အခုလို သက်ငယ် မုဒိမ်းမှုကို မျက်ကွယ်ပြုပြီး
ပလပ်လိုက်တဲ့ ဖြစ်စဉ်က အင်မတန် ဆိုးလွန်းပါတယ်။ အဲဒါကြောင့် တိုင်းရုံးကို
ဆက်တက်ရတာပါ။ တိုင်းရုံးမှာ ရှုံးနိမ့်ခဲ့ရင်လည်း တက်လို့ရတဲ့ နေရာမှန်သမျှ
ဆက်တက်သွားမှာပါ”ဟု ကသာမြို့နယ် ၈၈ ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် ဒေါ်မြင့်မြင့်ဆွေက ပြောသည်။
အဆိုပါ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်ကြောင့် လတ်တလောတွင် ကျန်းမာရေး
ခံစားမှု တချို့ရှိနေပြီး၊ ယင်းဝေဒနာများ ပျောက်ကင်းရန် မန္တလေး အခြေစိုက်
ဗြဟ္မစိုရ်အသင်းထံတွင် ဆေးကုသမှု ပြုလုပ်သွားရန်လည်း ရှိနေသည်။
“ကျွန်မတို့ အနေနဲ့ နေနေတဲ့ အိမ်ကိုတောင် တစ်ဝက်ဈေးနဲ့
ဈေးနှိမ်ခံပြီး ရောင်းခဲ့ရတာပါ၊ တရားမျှတမှု လုံးဝမရှိတဲ့ အတွက်
ဆက်တက်တာပါ”ဟု နစ်နာခဲ့ရသူ ကလေးငယ်၏ မိခင်က ပြောသည်။
အဆိုပါ ကလေးငယ်၏ နစ်နာမှုအတွက် သိန်း(၄၀၀)အား တရားခံဘက်သို့ ရယူလိုမှုဖြင့် တိုင်ကြားထားခြင်း ဖြစ်သည်။
အသက် ရှစ်နှစ်အရွယ် ကလေးအား အသက် (၄၇) နှစ်အရွယ် ဦးဩ.. က ၂၀၁၄
ခုနှစ်၊ ဇန်န၀ါရီလတွင် အဓမ္မပြုကျင့်ခဲ့ရာ ကလေးငယ်မှာ သားအိမ်
ခွဲထုတ်ခဲ့ရခြင်း၊ စအိုလမ်းကြောင်း တစ်လျှောက်အား ပြန်ချုပ်ခဲ့ရခြင်း
စသည်တို့ ဖြစ်ပွားခဲ့သောကြောင့် ပြန်လည် ကုသခဲ့ရသည်။
http://www.themeltingpot4u.com/2015/07/blog-post_892.html
0 comments:
Post a Comment