ရခိုင်ပြည်နယ် အစိုးရရုံးကို တက္ကသိုလ်ကျောင်းသားများ ပိတ်ဆို့ဆန္ဒပြ
ရန်ကုန်၊ ဇူလှိုင် ၂၃
ကျောင်းကားခ ၂၀၀ ကျပ် ရှိနေရာမှ ၃၀၀ ကျပ်ထိ တက်သွားသဖြင့် ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများက ယနေ့ မွန်းလွဲပိုင်းတွင် အစိုးရရုံးထိ ချီတက်ပြီး ၀င်ဝတံခါးကို ပိတ်ဆို့ ကာ ဆန္ဒပြခဲ့ကြသည်။
စစ်တွေမြို့လယ် ဘီလူးမ တံတားအနီးမှ စစ်တွေတက္ကသိုလ်သို့ ပြေးဆွဲနေသော ကားခဈေးနှုန်းကို အသွား ၂၀၀ ကျပ်၊ အပြန် ၂၀၀ ကျပ်ဖြင့် ပြေးဆွဲရန် လွန်ခဲ့သော ၁၀ ရက်ခန့်က ခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် ပြုလုပ်ခဲ့သော အစည်းအဝေးတွင် တက္ကသိုလ် ကျောင်းသားများနှင့် ကားသမားများက သဘောတူခဲ့ကြသည်ဟု သိရသည်။
သို့ရာတွင် တစ်ပတ်ကျော်အကြာတွင် ကားသမားများက ထပ်မံပြီး အသွားတစ်ကြောင်း ၃၀၀ ကျပ်၊ အပြန် တစ်ကြောင်းကို ၃၀၀ ကျပ်ကောက်ခံသည်ကို မကျေနပ်၍ ဆန္ဒပြကြခြင်းဖြစ်သည်ဟု ရူပဗေဒ ဘာသာရပ် သင်ကြားနေသူ ဒုတိယနှစ်ကျောင်းသား ဦးအေးလှက ပြောသည်။
“ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက အသွား ၃၀၀ ကျပ်၊ အပြန် ၃၀၀
ကျပ်ကောက်ပါတယ်။ ကျောင်းသားတွေ အများစုမှာ မိသားစု အဆင်ပြေကြတာမဟုတ်ဘူး။ ကျွန်တော်က အိမ်က တစ်ရက်ကို ၁၀၀၀ ရပါတယ်။ ကားခ တစ်နေ့ကို ၄၀၀ ကျပ်ပေးပြီးတော့ ကျန် ၆၀၀ ကျပ်ကို အဆာပြေတစ်ခုခုဝယ်စားပါတယ်။ တစ်နေ့ ၆၀၀ ကျပ်ပေးရမယ်ဆိုတော့ ကျန်တဲ့ ၄၀၀ ကျပ်နဲ့ စားလို့အဆင်မပြေတော့ပါဘူး” ဟု သူက ဆိုသည်။
ထိုသို့ ကျောင်းသား ကျောင်းသူ ၁၀၀ ခန့်က ပိတ်ဆို့ ဆန္ဒပြကြသဖြင့် ကျောင်းသားများကို ခရိုင် အုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးမှူးတို့မှ ခေါ်ယူတွေ့ဆုံပြီး ဖြေရှင်းခဲ့ကြသည်ဟု သိရသည်။ ယင်းဆွေးနွေးပွဲသို့ ကျောင်းသား ၃ ဦးနှင့် ကျောင်းသူနှစ်ဦး အပါအ၀င် မထသ အဖွဲ့ တာဝန်ရှိသူများ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
“ကားခကို ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ၂၀၀ ကျပ်ပဲကောက်မယ်လို့ သဘောတူပြီးပါပြီး၊ ကားသမားတွေနဲ့ အစိုးရအာဏာပိုင်တွေ ညှိဖို့အပိုင်းပဲကျန်တော့တယ်။ ကားခကို ၂၀၀ ဈေးနှုန်းနဲ့ သွားနိုင်အောင် အစိုးရအဖွဲ့က ကားသမားတွေကို ဓါတ်ဆီ ၂ ဂါလံကို ၂၅၀၀ ကျပ်ဈေးနဲ့ ထုတ်ပေးပါတယ် ”ဟု သမိုင်းဌာနမှ ကထိက ဦးအေးထွန်းက နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
အစိုးရအဖွဲ့က ကားခကို ၂၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးရန် ဂတိပေးသဖြင့် သမိုင်းဌာနမှ ကထိက ဦးအေးသိန်းက ဆန္ဒပြကျောင်းသူကျောင်းသားများကိ
ဆန္ဒပြပွဲတွင် ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ပြီး နေ့လယ် ၁၂ နာရီတွင် အစိုးရရုံးသို့ ချီတက်လာခဲ့ပြီး နေ့လယ် ၂ နာရီ ၄၀ ခန့်ထိ အစိုးရရုံးဝကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။
http://www.narinjara.com/burmese/


0 comments:
Post a Comment