Saturday, 1 August 2015

ကလေးမြို့နယ်၌ မကြုံစဖူး မြစ်ရေကြီးရေလျှံမှုဖြစ်ပွား



 ကလေး ဇူလိုင် ၃၁

 စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းမှစ၍ မြစ်သာမြစ်ရေလျှံကာ ကလေးမြို့ပေါ်ရှိ အနိမ့်ပိုင်း ရပ်ကွက်များနှင့် ကျေးရွာအချို့တွင် မကြုံစဖူး ရေကြီးရေလျှံမှုဖြစ်ပွား ခဲ့ကြောင်းနှင့် ရေဘေးသင့် ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေး လျက်ရှိကြောင်း သိရသည်။

''ကျွန်တော့်ဘဝမှာ ဒီတစ်ခေါက် ဒီလိုရေကြီးတာမျိုး တစ်ခါမှမကြုံဖူးဘူး ဗျာ။ သဖန်းအိုင်၊ ကျီကုန်း၊ ဖောင်ကူး၊ ကြက်ဖနက်အုပ်စု သာစီကျေးရွာတွေ ကတော့ ရွာလုံးကျွတ်နစ်မြုပ်သွားတာပဲ။ သဖန်းအိုင်ကျေးရွာက ရေဘေးသင့် ပြည်သူတွေကို ဆည်တော်ဦးကျေးရွာ အထက်တန်းကျောင်းခွဲမှာ နေရာချပေး ထားရတယ်။ အရေးပေါ်လိုအပ်တဲ့ မီး၊ စားဝတ်နေရေးကအစ အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ် ''ဟု ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည့် ကျောင်းတိုက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးဝင်းရွှေမြင့်က ပြောသည်။
သစ်ချောက်ကျေးရွာတွင်လည်း ခန့်မှန်းအိမ်ခြေ ၆ဝ ကျော်ကို ရေကင်းလွတ်သည့် ရုပ်ရှင်ရုံဟောင်းသို့ပြောင်းရွှေ့စေခဲ့ပြီး ချောင်းကျဉ်းကျေး ရွာမှ ခန့်မှန်းအိမ်ခြေ ၃ဝ ကျော်ကိုလည်း ရေကင်းလွတ်သည့် ဘုန်းတော်ကြီး ကျောင်းနှင့် စာသင်ကျောင်းများတွင် ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကျေးရွာ ၂၇ ရွာမှ အိမ် ထောင်စု ၉ဝဝ ကျော်၊ အိမ်ခြေ ၁၃၃၅ လုံးနှင့် ပြည်သူ ၆၃၁၅ ဦးတို့ ရေဘေး ကြုံတွေ့ခဲ့ရပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးစခန်း၌ ပြောင်း ရွှေ့ နေထိုင်စေခဲ့ရကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအား ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ မြို့ နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ၊ မြို့ပေါ်ရှိဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တပ်မတော်သားများက ဝိုင်းဝန်းကူညီ ၍ နေရာချထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထမင်းထုပ် ဝေငှပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ရေဘေးသင့်ပြည်သူများအား ကမ္ဘောဇဘဏ်လီမိတက်က ဇူလိုင် ၂၉ ရက် တွင် ကျပ် ၇၂ သိန်းခွဲတန်ဖိုးရှိ ထမင်းဘူး ၆ဝဝဝ နှင့် ဇူလိုင် ၃ဝ ရက်တွင် ထမင်းဘူး ၆ဝဝဝ ကို လှူဒါန်းထားသည်။ မိုးမြင့်အာကာ ဆောက်လုပ်ရေး ကုမ္ပဏီနှင့် တောင်ဇလပ်ဆောက်လုပ်ရေးကုမ္ပဏီများကလည်း အမက (၃)ကျောင်းရှိ ကယ်ဆယ်ရေးစခန်းသို့ ဆန်အိတ် ၂ဝ လှူဒါန်းထားကြောင်း သိရသည်။ ကလေးဝမြို့နယ်မှ မြို့မိမြို့ဖများကလည်း ရေဘေးသင့်ပြည်သူ များအား အိမ်ထောင်စုတစ်စုလျှင် ထမင်းထုပ်နှင့် သောက်ရေသန့်ဘူးများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။

မြစ်သာမြစ်ရေမှာ ဆက်လက်တိုးနေဆဲဖြစ်ပြီး ရေဘေးသင့်ပြည်သူဦးရေမှာ လည်း တိုးနေဆဲဖြစ်ကြောင်းနှင့် မြစ်ရေတိုးမှုကြောင့် ကလေးဝ-ကလေး ကား လမ်းပေါ်ရှိ တံတားများမှာလည်း ရေကျော်ကာ ယာဉ်များသွားလာမှုများ ပြတ်တောက်ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

ချင်းတွင်းသား(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate