Thursday, 24 September 2015

ကျောင်းဆရာ မလုံလောက်သည့်ကျောင်းတွင် ကလေးများ ကျောင်းပြင်ပတွင် အချိန်ဖြုန်းနေကြ

ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ ဝေးလံခေါင်ပါးသည့် ကျေးရွာများတွင် ကျောင်းဆရာ /မ မလုံလောက်သည့် ကျောင်း၌ ကလေးငယ်များ ကျောင်းတွင်မရှိဘဲ ကျောင်းပြင်ပသို့ထွက်ကာ လျှောက်သွားနေကြသည်ဟု သိရှိရသည်။
ဒီမောဆိုမြို့နယ် ဒေါဖုကျေးရွာ အုပ်စု ဒေါပဲ့တူ ကျေးရွာတွင် မူးလတန်းကျေင်းတစ်ကျောင်းကို ကျောင်းအုပ်ဆရာတစ်ဦးနှင့် ကျောင်းဆရာ မတစ်ဦးသာရှိသည့်အတွက် ကလေးများကို မထိန်းနိုင်သည့် ဒုက္ခကြုံတွေ့နေကြရသည်ဟု ဒေါဖုကျေးရွာအုပ်စု ဥက္ကဌ ဦးနဲရယ် ကပြောသည်။
̏ကျောင်းဆရာ/မ မလုံလောက်မှုမရှိတာ ကြာပြီ ၊ ကြံခိုင်ရေးဖွံဖြိုးရေး ပါတီ နှင့် ပညာရေးဝန်ကြီး ထံသို့ အကြိမ်ကြိမ်တင်ပြတယ်၊ အခုချိန်ထိမရ ဘူး၊ ကလေးတွေ က အပြင်မှာ ထွက်ပြီးလျှောက်သွားကုန်တယ်။” ဟု ဥက္ကဌ ဦးနဲရယ်ကပြောသည်။
ကျောင်းအုပ်မှာ ကျောင်းအရေးကိစ္စနှင့် မကြာခဏ မြို့တက်နေရသည့်အတွက် ကျောင်းဆရာမ တစ်ဦးတည်း သာကျန်ရှိနေရသည့်အချိန်တွင် ကလေးများကို မထိန်းနိုင်ဘဲ တောထဲ ၊ တောင်ထဲ ၊ ရွာထဲသို့ လျှောက်လည် နေကြသည်ဟု ဆိုပါသည်။

ထိုနည်းတူ ဒေါပဲ့ကျေးရွာတွင်လည်း မူလတန်းကျောင်း တစ်ကျောင်းကို ကျောင်းဆရာ/မ များအားလုံးက ၃ ဦးသာ ရှိသောကြောင့် နောက် ကျောင်းဆရာ မတစ်ဦး ထပ်အလို ရှိနေသည်ဟု ဒေါပဲ့ကျေးရွာမှ ဦးဖိုးရယ်ကပြောသည်။
̏ဒေါဖုကျေးရွာမှာ ကျောင်းဆရာ/မများက လုံလောက်မှုရှိတယ်၊ ဒါပေမယ့် ဒေါပဲကျေးရွာနှင့်ဒေါပဲတူကျေးရွာမှာ ကျောင်းဆရာ/မ လုံလောက်မှုမရှိသောကြောင့် လိုအပ်သည့်နေရာကို ပို့သွားခဲ့ရသည်̋ ဟု ဒေါဖုကျေးရွာတွင် တာဝန်ကျနေသော ကျောင်းဆရာ/မ မလင်းလင်းဦး ကပြောသည်။
ဒေါကလော်ဒူ အုပ်စု တနီးလာလဲကျေးရွာနှင့် ဒေါစဲကျေးရွာတွင်လည်း ကျောင်းဆရာ/မများက နှစ်စဉ်နှစ်တိုင်း ကျောင်းဆရာ/မများ မလုံလောက်သည့်အတွက် ရပ်မိရပ်ဖများက ဝန်ထမ်း ငှားပြီး စပါးထွက်ချိန်တွင် တစ်အိမ်ကို စပါး ၂ပုံ ကောက်ခံကာ ဌားထားရသည်ဟု သိရသည်။
ယခင်နှစ်များတွင်လည်း ပြည်နယ်အစိုးရမှ ဝန်ထမ်းလုံလောက်မှုရှိစေရန် နေ့စားလပေး ဝန်ထမ်းများကို ခေါ်ယူခန့်ထားခဲ့ကြသော်လည်း ဝေးလံသည့်ကျေးလက်ဒေသဘက်တွေ ကျောင်းဆရာ/မ များ တာဝန်မထမ်း ဆောင်နိုင်ဘဲ ဖြစ်နေကြသည်။
Kantarawaddy Times

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate