Friday, 18 September 2015

သားအမိနှစ်ဦး မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံး

ဓါတ်ပုံ -  Naing Linn Aung (FB) 

ဓါတ်ပုံ -  Naing Linn Aung (FB) 

  မြိုင်မြို့နယ်၊ ဖောင်းကွဲအုပ်စု၊ တဲပင်ကျေးရွာမှ ဦးမောင်ရီ၊ ဒေါ်ဝင်းနှင့်သမီးဖြစ်သူ မဖြိုးအိစံတို့ ယာမြေအတွင် နှမ်းစိုက်ပျိုးနေစဉ် မိုးကြိုးပစ်ရာ ဒေါ်ဝင်းနှင့်သမီး ဖြစ်သူမဖြိုးအိစံ {၂၀၁၄ပညာသင်နှစ်တွင် နှစ်ဘာသာဂုဏ်ထူးနှင့် အောင်မြင်သူ) မှာ နေရာတွင် သေဆုံးသွားသဖြင့် မြိုင်အသင်းမှသွားရောက် ကောက်ယူခဲ့ပါသည်။ ၁၆၊၉၊၂၀၁၅ ညနေ၁း၃၀နာရီ / သတင်း - ဓါတ်ပုံ -  Naing Linn Aung (FB)

ဓါတ်ပုံ -  Naing Linn Aung (FB) 

ဓါတ်ပုံ -  Naing Linn Aung (FB) 

အဆိုပါ မိုးကြိုးပစ်ခံရမှု သတင်းနှင့် ပါတ်သတ်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်ကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ (၂)ဦးသေဆုံး

 နေပြည်တော်၊ စက်တင်ဘာ ၁၇

 ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ တည်ပင်ကျေးရွာတွင် မိုးကြိုးထိမှန်၍ လူ(၂)ဦးသေဆုံးကြောင်း သတင်းအရ မြိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ အဆိုပါကျေးရွာနေ ဒေါ်ဝင်း(၄၀)နှစ်နှင့် သမီးဖြစ်သူ မဖြိုးအိစံ(၁၉)နှစ်တို့ဖြစ်ပြီး ၎င်းတို့(၂)ဦးသည် ကျေးရွာအရှေ့မြောက်ဘက်ရှိ ယာခင်းအတွင်း နွားကျောင်းနေရာက မိုးရွာလာသဖြင့် ရှားပင်အောက်၌ မိုးခိုနေစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မြိုင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၃/၂၀၁၅)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate