ဒေါ်အောင်ဆန်းစုကြည် ရခိုင်သို့ ၁၃ နှစ်အတွင်း ပထမအကြိမ်သွားရောက်ပြီး မဲဆွယ်မည်
![]() |
| Photo. internet |
စစ်ကိုင်းတိုင်းဒေသကြီးခန္တီး နှင့်ဟုမ္မလင်းမြို့သို့ စက်တင်ဘာ လနှောင်းပိုင်းတွင်လည်းကောင်း၊ ကချင်ပြည်နယ်သို့ အောက်တိုဘာလဆန်းတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်သို့ အောက်တိုဘာတတိယပတ်တွင်လည်းကောင်းသွားရောက်မည်ဖြစ်ကြောင်း ဒီချုပ်မှ တာဝန်ရှိသူတစ်ဦးကပြော သည်။
ဒေါ်အောင်ဆန်းစုကြည်အ တွက် ၂၀၀၂ နေအိမ်အကျယ်ချုပ် မှ လွတ်မြောက်ပြီး
နောက်ပိုင်း ၁၃ နှစ်အတွင်း ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ်
သွားရောက်မည့်ခရီးစဉ်လည်းဖြစ်သည်။
‘‘ရခိုင်မှာ မြို့လေးမြို့လောက်သွားဖို့ စီစဉ်ထားတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တာဝန်ခံဦးဝင်းထိန်က ပြော သည်။
ဒေါ်အောင်ဆန်းစုကြည်ဝင် ရောက်ယှဉ်ပြိုင်မည့် ကော့မှူးမဲ ဆန္ဒနယ်သို့မူ
အနည်းဆုံးတစ်ပတ် တစ်ကြိမ် သွားရောက်မည်ဖြစ် ကြောင်း ဦးဝင်းထိန်က ဆက်
လက်ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် တိုးတက်မှုနှေးကွေးသောဒေသဖြစ်ပြီး ကချင်ပြည်
နယ်သည်ငြိမ်းချမ်းရေးအတွက် အချက်အချာဒေသဖြစ်ကာ ရခိုင်ပြည်နယ်မှာမူ
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှုကျဆင်းနေသော ဒေသဖြစ်သဖြင့်
ခရီးစဉ်များသည်စိတ်ဝင်စားစရာကောင်းကြောင်း လေ့လာသူတစ်ဦးက သုံးသပ်သည်။
ရခိုင်ပြည်နယ်ရှိ သံတွဲ၊ ဂွ၊ တောင်ကုတ်မြို့များသို့ သွားရောက်မည်ဟု ကနဦး
သတင်းရရှိသည်။
http://www.7daydaily.com/



0 comments:
Post a Comment