Friday, 23 October 2015

ငှက်ပျောခွံစားခြင်းဖြင့် ကိုယ်အလေးချိန်လျော့၍ စိတ်ကြည်လင်



ငှက်ပျောခွံဟာ စူပါအစားအစာ သစ်တစ်ခု ဆိုတာ ဟုတ်ပါသလား။ ငှက်ပျောခွံမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေက ကိုယ်အလေးချိန် လျော့စေဖို့နဲ့ စိတ်ကြည်လင်ဖို့ကို အထောက်အကူ ပြုတယ်လို့ သိရပါတယ်။

ငှက်ပျောခွံဆိုတာ အမှိုက်၊ ပစ်ရမယ်၊ မစားရဘူး ဆိုပြီး ကျွန်တော်တို့ မွေးကတည်းက သိလာတာပါ။
ငှက်ပျောခွံ တက်နင်းရင် ချော်လဲတာကို ကာတွန်းဟာသတွေထဲမှာ ခဏခဏပါပြီး နာမည်ကြီးပေမဲ့ တကယ်တော့လည်း ငှက်ပျောခွံက ကျွန်တော်တို့ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ခန္ဓာကိုယ်အတွက် အကျိုးရှိကြောင်း သက်သေပြနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
နေ့စဉ်အစားအစာ ထဲမှာ ငှက်ပျောခွံကို စားရမယ်ဆိုတာဟာ ဂြိုဟ်သားအတွေးအခေါ် လိုမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါက ကမ္ဘာ့နိုင်ငံအများစုအတွက်တော့ မှန်ပေမဲ့ အိန္ဒိယနဲ့ ကာရစ်ဘီယန်မှာတော့ အစားအစာ အနံ့ကောင်းစေဖို့နဲ့ ဟင်းခတ်အဖြစ် သုံးလေ့ရှိပါတယ်။

“ပထမတော့ ငှက်ပျောခွံကို စားဖို့မသင့်ဘူးလို့ ထင်နိုင်ပေမဲ့၊ နောက်ထပ် လေ့လာကြည့်လိုက်တော့ သူ့မှာ အာဟာရဆိုင်ရာ အကျိုးရလဒ်တွေ အများကြီးရှိတယ်လို့ ကျွန်တော်တို့ သိရှိနားလည်လိုက်ပါတယ်။” လို့ အာဟာရပညာရှင် Ella Allred က Daily Mail Onine ကို ပြောပြခဲ့ပါတယ်။

“ငှက်ပျောခွံရဲ့ အမျှင်ဓာတ်ပေါကြွယ်မှုက ဝမ်းမှန်ဖို့ကို အကူအညီပေးပါတယ်။ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C, B6 စတဲ့ အာဟာရဓာတ်တွေက အဖိုးတန်လှပါတယ်။ ငှက်ပျောခွံမှာ ဗီတာမင် B6, B12 အပြင် မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ ပရိုတိန်းတွေ ပါဝင်ပါတယ်။” လို့ သူက ထက်ပြောခဲ့ပါတယ်။
သွား၊ အရိုးနဲ့ နူးညံ့တဲ့တစ်သျှူး ကျန်းမာရေးတွေကို ကောင်းစေတဲ့ ဗီတာမင် Aလည်း ပါဝင်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate