Saturday, 17 October 2015

ကျောက်တော်တွင် ဖားရှာထွက်သူ တစ်ဦးကို သေဆုံး၍ တွေ့ရှိ


ဝဏ္ဍခွာညို
ရန်ကုန်၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ ဖားရှာထွက်သူ တစ်ဦး၏ အလောင်းကို အောက်တိုဘာလ ၁၆ ရက်နေ့က သေဆုံး၍ တွေ့ရှိခဲ့ရသည်ဟု မြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ပြောကြားသည်။
သေဆုံးသူသည်ကျောက်တော်မြိုရှမ်းရွာရပ်ကွက်မှ ကိုမောင်ဖြူ (၅၇) နှစ် ဖြစ်ပြီး သူသည် အောက်တိုဘာလ ၁၀ ရက်နေ့ ညနေကတည်းက ဖားရှာ ထွက်သွားရာမှ ပျောက်ဆုံးသွားပြီး အလောင်းကို ယမန်နေ့က ရရှိခဲ့ခြင်း ဖြစ်သည်။ '' လွန်ခဲ့နေ့ ၁၀ရက်နေ့ ကတည်းကပျောက်သွားတာပါ။ သူက ဖားရှာ စားနေတာတဲ့ လူတစ်ယောက်။ ၁၁ ရက်နေ့ ကျတော့ ကျွန်တော်တို့ ရဲစခန်းကို လူပျောက်လာတိုင်တယ်။ ကျွန်တော်တို့ လူပျောက်ရှာဖွေရေးနဲ ဒီနေ့မှာပဲ ကုလားတန်မြစ်ဖြစ်တဲ့ ဂစ္ဆပနဒီမြစ်ပေါ့နော်။ အပေါက်ဝကျေးရွာ ရဲ့အောက်နားလောက်မှာ အလောင်းကို တွေ့ ပါတယ်။ အခုတော့ဆေးရုံ ပို့ ပြီးတော့ စစ်ဆေးနေတယ်။ ပြင်ပ လက္ခဏာတော့ ဒဏ်ရာ ရာတာတော့ မတွေ့ ရဘူး ခင်ဗျ။ အတွင်းလက္ခဏတော့ကျွန်တော်တို့ မသိရသေးဘူး။ ဆရာဝန်တွေရဲ့ ဆေးစာ ထွက်လာတဲ့အခါမှာ စုံစမ်း စစ်ဆေးမှုတွေ ထပ်လုပ်မှာပေါ့လေဟု'' ကျောက်တော် ရဲစခန်းမှ စခန်းမှူး ဦးခင်မောင် မှ နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဒေသခံများကမူ အသတ်ခံရပုံရကြောင်း ဝေဖန် ပြောဆိုသည်။

'' သူက ကျွန်တော်ရပ်ကွက်ဘေး နားအိမ်ကဗျ။ ကုလား အိမ်တွေနဲ့ လည်း လေးငါးအိမ်လောက်ခြားတယ်။ ပျောက်သွားတဲ့နေက နှစ်ယောက်သွားတာပါ။ တစ်ယောက်က ရှမ်းရွာဘက်နား ကလယ်ကွင်းသွားတယ်။ သေဆုံး သွားတဲ့ ဦးမောင်ဖြူကတော့ ကုလားရွားနားကိုဖား ရှာဖို့  သွားတယ်။ ၁၀ရက်နေ့ ကတည်း က ပျောက်သွား အခုမှအလောင်းကိုရှာတွေ့တယ်။ အလောင်းက နည်းနည်း ပွန်နေရုံလောက်ပဲရှိတယ်။ သတ်ပြီးတော့ ဖွတ်ထား ပုံရတယ်။ တစ်ရက်နှ စ်ရက်ကြာပြီးမှ မြစ်ထဲ သို့ လွှင့်ပစ်ခဲပုံပါ။ လုပ်ကြံ သတ်ဖြတ် ခံရတယ်လို့ ယူဆတယ်” ဟု အလောင်းကို ဆယ်လာခဲ့သူ ကိုတင်အောင် မှ နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

သေဆုံသူကိုမောင်ဖြူမှာ ရန်ငြိုးရန်စမရှိကြောင်းသောက်စားယစ်မှုး ကင်းပြီး အေးဆေးနေတဲ့ သူတစ်ယောက်ဖြစ်ကြောင်း သိရသည်။

အလောင်းမတွေ့ ခင်က သူနဲ့ ပတ်သက်ပြီး ဘင်္ဂလီတွေရဲ့လှုပ်ရှားမှုတွေ မသင်္ကာဖွယ်ရာ မတွေ့ ရကြောင်းမြို့နယ်မှူးမှ ပြောသည်။

ရခိုင်ပြည်နယ် အတွင်းတွင် ယခုလို တစ်ယောက်စ နှစ်ယောက်စ သွားလာရာမှ အသတ်ခံရမှု အများအပြားရှိနေပြီး သက်ဆိုင်ရာမှ လူမျိုးရေး၊ ဘာသာရေး မတည်ငြိမ်မှု များ ဖြစ်ပွား မည်ကို စိုးရိမ်သဖြင့် အကြောင်းအမျိုးမျိုးပြကာ အမှုများကို ဖုံးဖိထားလေ့ရှိကြောင်း နိရဉ္စရာက စုံစမ်း သိရှိရသည်။


_____နိရဉ္စရာ

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate