Thursday, 8 October 2015

ရခိုင်စာပေနှင့်အမျိုးသားအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်း

စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၈
ရခိုင်စာပေနှင့်အမျိုးသားအမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်ရေး အဖွဲ့ကို အောက်တိုဘာလ ၃ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေစေတီကျောင်းတွင် ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

အဆိုပါအဖွဲ့ကို အမျိုးဘာသာ၊ သာသနာတော်နှင့် အမျိုးသား အမွေအနှစ်များအား ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ၀ံသာနုရက္ခိတစိတ်ဓါတ် ရှင်သန်ထက်မြက်သော ရခိုင်အသိုင်းအ၀န်းတစ်ရပ် ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းပြင် စာပေပြုစုထုတ်ဝေရေးကဏ္ဍ၊ မှတ်တမ်းနှင့် သုတေသနကဏ္ဍ၊ မဟာဗျူဟာနှင့် အရေးပေါ်ကဏ္ဍ၊ လူထုစည်းရုံးရေးကဏ္ဍနှင့် ရန်ပုံငွေကဏ္ဍတို့ကို အကောင်အထည်ဖေါ် ဆောင်ရွက် သွားမည်ဟု သိရသည်။

“ရခိုင်ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိခိုက်နိုင်မယ့် ဖျက်ဆီးနိုင်မယ့် လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်မယ့် အဖွဲ့တွေ ရခိုင်ပြည်နယ်မှာ တကယ့်လိုအပ်နေတယ်။ ဓည၀တီ၊ ဝေသာလီ၊ မြောက်ဦး မြို့ဟောင်းတွေ ကို ဖြတ်သန်းပြီး ဖေါက်လုပ်မယ့် ရထားလမ်းစီမံကိန်းဟာ ဆိုရင် မြောက်ဦးကလူထုတွေက နိုင်သလောက် ကန့်ကွက်တဲ့ အတွက် ရပ်တန့်ထားတာကို တွေ့ရတယ်။ အပြီးအပိုင် ရုတ်သိမ်းတာကိုတော့ မတွေ့ ရသေးဘူး”ဟု အစည်းအဝေးတက်ရောက်လာသည့် ရခိုင်သမိုင်းသုတေသီ အရှင် ပညာစာရက မိန့်ကြားသည်။

မြောက်ဦးမြို့ကို ကမ္ဘာ့အမွေအနှစ် သတ်မှတ်လာရေး တို့တွင်လည်း ရှေးဟောင်း သုတေသနနှင့်ဆိုင်သည့် အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများသည် အရေးကြီး သည်ဟု ဆွေးနွေးခဲ့ကြသည်။

အသင်းတွင် သြ၀ါဒစရိယ ဆရာတော်များအဖြစ် ဦးပညာစာရ၊ ဦးအရိယ၀ံသနှင့် အခြားသင့်တော်သည့် ဆရာတော်များကို ထည့်သွင်းဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ လက်ရှိနာယက အဖွဲ့ဝင်များမှာ ဦးအောင်လှသိန်း၊ ဗဂျီးကျော်၊ ဦးသာစိန်နှင့် ဂေါယာမြေစောဝင်းတို့ ပါဝင်ကြောင်း သိရသည်။

အဖွဲ့တွင် ဦးဇော်ဇော်ထွန်းက ဥက္ကဋ္ဌ ၊ လေးဝတီ ထွန်းစောခိုင် ဒုဥက္ကဋ္ဌ၊ ကိုမြတ်ဋ္ဌေး အတွင်းရေးမှူး၊ ကိုအောင်ဇော်လင်း တွဲဖက်အတွင်းရေးမှူး၊ ကိုခင်ဝင်း ဘဏ္ဍာရေးမှူး၊ ကိုအောင်မင်းဌေး တွဲဖက်ဘဏ္ဍာရေးမှူး၊ စာရင်းစစ်များအဖြစ် ကိုမောင်ငယ်နှင့် ကိုတင်အေးတို့ ပါဝင်ကြောင်း သိရသည်။

အဖွဲ့၏ မတည်ရန်ပုံငွေအဖြစ် ရွှေစေတီဆရာတော် ဦးအရိယ၀ံသမှ ၁ သိန်းကျပ်၊ ဦးဇော်ဇော်ထွန်းမှ ၁ သိန်းကျပ်၊ ကိုသိန်းရွှေမှ ၁ သိန်းကျပ်၊ ကိုခင်ဝင်းမှ ၅ သောင်းကျပ်နှင့် ဦးသာစိန်မှ ၅ သောင်းကျပ် အသီးသီး ထည့်ဝင်ထားပြီကြောင်း သိရသည်။

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate