ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ဦးဇော်အေးမောင် အနိုင်ရရှိ
ဝဏ္ဏခွာညို
ရန်ကုန်၊ နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးဇော်အေးမောင် အနိုင်ရရှိသည်ဟု သတင်းရရှိသည်။
ဒီကနေ့ နံနက် ၁၁ အချိန် မဲရေတွက်ရာတွင် မဲအပြတ်အသတ်ဖြင့် အနိုင် ရနေကြောင်း ဦးဇော်အေးမောင်က နိရဉ္စရာ သတင်းဌာနသို့  အတည်ပြုပြော ကြားသည်။
“ ကျွန်တော်နိုင်ပါတယ်။ ကျွန်တော်ရတဲ့ မဲက ၁၃၀၀၀ ကျော် သွားပါပြီ။ ကျန်ပါတီနှစ်ခုက ကိုယ်စားလှယ်တွေ ရတာကတော့ မဲ ၅၀၀၀ လောက်ပဲ ရှိတယ်။ နောက်ထပ် မဲမရေရသေးတဲ့ သုံးမြို့နယ်ဘဲ ရှိတော့တယ်။ အဲဒီမြို့နယ်တွေမှာ မဲပေးခွင့် လူဦးရေက ငါးထောင်ပဲ ရှိတယ်ဆိုတော့ အခု
ကျွန်တော်ရထားတဲ့ မဲကို မကျော်လွန်နိုင်တော့ပါဘူး” ဟု ဦးဇော်အေးမောင် က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာတွင် ရခိုင်အမျိုးသား ပါတီမှ ဦးဇော်အေးမောင်၊ ကြံ့ခိုင်ရေးပါတီမှ ဦးမောင်မောင်ကျော်နှင့် NLD ပါတီမှ ဒေါ်ခင်စောဝေ တို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

0 comments:
Post a Comment