Saturday, 7 November 2015

ကျောက်တော်နယ်တွင် ဝန်ထမ်းတချို့ ကိုယ်ကြိုက်သည့်ပါတီကို ကြိုတင်မဲပေးခွင့်မရဟုဆို


မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ နိုဝင်ဘာ ၇
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် ပညာရေးဝန်ထမ်းတချို့ ကိုယ်ကြိုက်သည့် ပါတီကို ကြိုတင်မဲ ပေးခွင့် မရဟု အဆိုပါဝန်ထမ်များက နိရဉ္စရာသို့ပြောသည်။
“ကျမတို့ကြိုက်တဲ့ပါတီကို ကြိုတင်မဲပေးမယ်ဆိုရင် တံဆိပ်တုံးမရှိဘူးတို့၊ ဘာတို့ညာ တို့နဲ့ အမျိုးမျိုး အကြောင်းပြပြီး သူတို့(ကော်မရှင်)ကြိုက်တဲ့ပါတီ ဥပမာ ကြံ့ခိုင်ရေးပါတီတို့၊ ရခိုင်မျိုးချစ်ပါတီ ဆိုရင် အဆင်ကိုပြေလို့” ဟု ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ မှ ပညာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

ဝန်ထမ်းများ ကြိုတင်မဲပေးရာတွင် အပေါက်ဝကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ဘက်လိုက်မှုရှိနေသည်ဟုလည်း ကြိုတင်မဲပေးခွင့်မရသေးသည့် ဝန်ထမ်းများက ဆိုသည်။

“ကျမတို့ မနေ့ကလည်း တစ်နေကုန်စောင့်ပြီးပြီ။ အဆင်မပြေဘူး။ မနက်ဖြန်ဆို မဲရုံစောင့်ဖို့ သွားရဦးမယ်။ အခုထိ ကြိုတင်မဲပေးခွင့် မရသေးဘူး။ ကော်မရှင်အဖွဲ့တွေ တော်တော် ဗရုတ်သုတ်ခဖြစ်နေပါတယ်။ အခုဆို ကျမတို့ရွာရဲ့ ချောင်းဖျားရပ်ကွက်အုပ်စုဘက်မှာလည်း အဲလိုဖြစ်နေတယ်လို့ကြားပါတယ်”ဟုလည်း အဆိုပါကျေးရွာနေ ဝန်ထမ်းတစ်ဦးက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အပေါက် ဝကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးဦးသာဖြူအား ဆက်သွယ်မေးမြန်းရာ ယခုကိစ္စမှာ မဟုတ်မှန်ဟုဆိုသည်။

“ကြိုတင်မဲကို ကလိန်ကကျစ်လုပ်တာမရှိဘူး။ အခုထိလည်း လက်ခံနေတုန်းပဲ။ ကျနော်တို့ ကော်မရှင် အဖွဲ့ဆိုတာ ဘယ်ပါတီထည့်ပါ၊ ညာပါတီထည့်ပါလို့ပြောဖို့ကိုထားဦး၊ ပါတီတွေလာစည်းရုံးရင်တောင်မှ သွားနားမထောင်ဘူး။ ကျနော်တို့ကော်မရှင်အနေနဲ့ ဘယ်သူ့ကိုမှလည်း ဘက်လိုက်စရာမလိုဘူး”ဟု ဦးဦးသာဖြူက နိရဉ္စရာသို့ပြောသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအုပ်စုတွင် ဆန္ဒမဲပေးခွင့်ရှိသည့်ဦးရေ ၆ဝဝဝ ကျော်ရှိသည် ဟုလည်း ဦးဦးသာဖြူ၏ပြောပြချက်အရ သိရသည်။

____Narinjara News

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate