Sunday, 31 January 2016

မြန်မာနိုင်ငံက အပြောင်းအလဲကို အမေရိကန်က ဘာကြောင့်အားပေးသင့်သလဲ


ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ သမိုင်းဝင်ရွေးကောက်ပွဲကြီးကို ကျင်းပအပြီးမှာ အခြေခံဥပဒေ အတိုင်း ဒီမိုကရေစီအုပ်ချုပ်ရေးဆီသို့ ပြောစမတ်တွင်စရာ အပြောင်းအလဲကာလ ကို မြန်မာနိုင်ငံကတွေ့ကြုံရင်ဆိုင်နေရပါသည်။မြန်မာ၏ လတ်တလော ပြောင်းလဲမှုများ ကို လေ့လာသုံးသပ်ရန်နှင့် လွတ်လပ်သော လူ့ ဘောင်တစ်ခုဆီသို့ မြန်မာ၏ ဦးတည် လှုပ်ရှားမှုကို အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်ကဲ့သို့ ဆက်လက်ကူညီပံ့ပိုးပေး သွား နိုင်မလဲဆိုသည်ကို ဆန်းစစ်တွက်ချက်ရန် မြန်မာနိုင်ငံသို့ လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး မကြာသေးမီက ကျွန်တော်သွားခဲ့ပါသည်။
နိုဗယ်ဆုရှင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီသည် လွှတ်တော် အမတ် ၇၇ ရာခိုင်နှုန်းကို အနိုင်ရ ပြီး ရွေးကောက်ပွဲမှာ အပြတ် အသတ်အနိုင်ရခဲ့သည်။ သည် အောင်ပွဲကိုရဖို့အတွက် နှစ်ပေါင်း များစွာကြာ ခါးသီးနာကျင်မှုတွေ ကို ကြုံခဲ့ရသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ဖခင်ဗိုလ်ချုပ်အောင် ဆန်းသည် ဗြိတိသျှအောက်က လွတ်လပ်ရေးကြိုးပမ်းနေသည့် ကာလ ၁၉၄၇ မှာ လုပ်ကြံခံရ သည်။လွတ်လပ်ရေးပြီးစ မြန်မာ အရပ်သားအစိုးရသည် ကွန်မြူ နစ်သူပုန်ထမှု၊ တိုင်းရင်းသား ပုန် ကန်ထကြွမှု၊ ဆင်းရဲမွဲတေမှုတို့ ကြောင့် ယိမ်းယိုင်ပြီး ၁၉၆၂ တွင် စစ်အာဏာ အသိမ်းခံရသည်။ ရက်စက်သော စစ်အာဏာရှင် များသည် မြန်မာကို အနှစ်ငါးဆယ်နီး ပါးကြာ အုပ်ချုပ်ခဲ့၏။ ၁၉၈၈ က ဒီမိုကရေစီရေးလှုပ်ရှား သူများကို အကြမ်းသုံးဖြိုခွဲခဲ့အပြီး မှာ မြန်မာသည် အမေရိကန်နိုင်ငံ ၏ အရေးယူပိတ်ဆို့ရာ နိုင်ငံတစ် ခု ဖြစ်လာပါသည်။
သို့သော်လည်း မကြာသေးမီ နှစ်များမှာ မြန်မာက တဖြည်းဖြည်း စတင်လမ်းဖွင့်လာပါ သည်။ ရွေး ကောက်ပွဲကျင်းပဖို့ အလားအလာရှိသည့် စစ်တပ်၏အာဏာကို ခိုင်မြဲစေမည့် အခြေခံဥပဒေကို မြန်မာစစ်တပ်က အတည်ပြုခဲ့ သည်။

၂၀၁၀ ပြည့်နှစ်မှာ အငြင်းပွားဖွယ်ရာ ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ မည်သို့ပင်ဖြစ်စေ စစ်ဗိုလ်ချုပ်များသည် စစ်တပ်လွှမ်းမိုးသည့် အရပ်သားအစိုးရ အတွက် လမ်းဖွင့်ပေးခဲ့ရ သည်။ အောင်မြင်သော ၂၀၁၂  ကြားဖြတ်ရွေးကောက်ပွဲသည် ပြီးခဲ့သည့် နိုဝင် ဘာ ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်ပွဲခံမှု၏ ရှေ့ပြေးနိမိတ် ဖြစ် ခဲ့၏။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လာမည့်တစ်ပတ်မှာ လွှတ်တော်ကို အုပ် ချုပ်တော့မည်။

ဒေါ်အောင်ဆန်းစုကြည် သည် အခြေခံဥပဒေအရ သမ္မတ ဖြစ်ခွင့်က တားမြစ်ခံရသော် လည်းအစိုးရအသစ်တွင် ဆုံးဖြတ်ချက် ပေးနိုင်မည့် ခေါင်းဆောင်နေရာမှာ ရှိလိမ့်မည် ဟု မျှော်လင့်ရပါ သည်။ဘာကြောင့် စစ်အစိုးရက ရွေးကောက်ပွဲကို လက်ခံပြီး အာ ဏာကို လွှဲပြောင်းပေးခဲ့ရတာလဲ။ အကြောင်းပြချက် ခိုင်ခိုင်မာမာ မရှိပါ။ မြန်မာနိုင်ငံက တာဝန်ရှိသူ အတော်များများဆီက ကျွန်တော် တို့ ကိုယ်စားလှယ်အဖွဲ့ ကြားသိမှု များအရ စစ်တပ်သည် အာဏာ အတော်များများကို ဆက်ထိန်း ထားဆဲဖြစ်၏။ စစ်တပ်သည် လွှတ်တော်ထဲက အမတ်နေရာ လေးပုံတစ်ပုံနှင့် အဓိက လုံခြုံရေး ဝန်ကြီးဌာနများကို ထိန်းချုပ်ထား သည်။ သူတို့သည် အရပ်သား အစိုးရ၏ အုပ်ချုပ်မှုကနေ အတော်များများ ကင်းလွတ်ခွင့်ရှိ နေဆဲ ဖြစ်သည်။

သို့သော်လည်း စစ်တပ် သည် တဖြည်းဖြည်းနှင့် အာဏာ ကို အမှန်တကယ် စွန့်လွှတ် လာပါ သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးချယ်ခံ လွှတ်တော် အမတ်တော်တော် များများက သည်အတွက် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများကို အသိအ မှတ်ပြုကြပါသည်။ထိုအရေးယူမှုများသည်စစ်ဗိုလ်ချုပ်များကိုအထီးကျန်ဖြစ်စေပြီး မြန်မာကို အကျဉ်းအကျပ် တွေ့စေခဲ့သည်။ထို့အပြင် တရုတ်နိုင်ငံ၏ မြန်မာကို ခြယ်လှယ်အုပ်စီး လိုမှု ကလည်း သည်အပြောင်းအလဲ များကို ဖြစ်စေသည်ဟု ပြောရပေ မည်။ 

တရုတ်အစိုးရသည် မြန်မာ ကို သူ၏လက်အောက်ခံသဖွယ် ဆက်ဆံပြုမူလာနေပြီး စီး ပွားရေး အကျိုးအမြတ်အတွက် မြန်မာ၏ သဘာဝသယံဇာတများကို ရယူခဲ့ ၏။ ထို့ကြောင့် မြန်မာစစ်ဗိုလ်ချုပ် တွေအနေဖြင့် တရုတ်ကို အာဏာ ပေးရတာထက်စာလျှင် ကိုယ့်လူ မျိုး အရပ်သားအစိုးရနှင့် အာဏာ ခွဲဝေယူချင်ပုံရသည်။ နောက်တစ် ခုက အိမ်နီးနားချင်း ဗီယက်နမ် နိုင်ငံ၏ စီးပွားရေး အလျင်အမြန် တိုးတက်လာမှုနှင့် အမေရိကန် အစိုးရနှင့် ရင်းနှီးသော ဆက်ဆံ ရေးကို သူတို့မြင်တွေ့ခဲ့ရသည်။ ထိုအခါ ငါတို့ရော သူတို့လို ဘာ ကြောင့်မဖြစ်နိုင်ရမှာလဲ မေးခွန်း ထုတ်ခဲ့ကြ၏။

အမေရိကန်အစိုးရတွင် မြန်မာ၏ လမ်းဖွင့်လာမှုကို အား ပေးရန် အကြောင်းပြ ချက်ကောင်းများ ရှိပါသည်။ ပထမအချက်မှာ အမေရိကန်အနေဖြင့် အာရှဒေသ မှာ အာဏာကို ချိန်ခွင်လျှာညှိ ထားရေးအတွက် အဓိကနေရာက ပါဝင်ကစားနိုင်သည်။ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြား ရာတွင် မြန်မာသည် ကမ္ဘာ့အကြီး ဆုံးနိုင် ငံနှစ်ခုဖြစ်သည့် တရုတ်နှင့် အိန္ဒိယအကြားက ကြားခံစောင့် ကြပ်မည့် နေရာတစ်ခု ဖြစ် လာ စရာရှိသည်။ ထို့ပြင် မြန်မာသည် တရုတ်နိုင်ငံအတွက် အိန္ဒိယ သမုဒ္ဒရာကို တိုက် ရိုက်ထွက်ရန် ကုန်းလမ်းကြောင်းဖြစ်၏။ အိန္ဒိယ သမုဒ္ဒရာသည် ကမ္ဘာ့ကုန်သွယ် ရေးနှင့် စွမ်းအင်စီးဆင်းမှုအတွက် အရေးပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာမှာ သူ့ အင်အားကို တိုးတက်အောင် လုပ်နေခြင်းဖြစ်သည်။

မြန်မာကို တရုတ်ဆန့်ကျင် သော နိုင်ငံတစ်ခုအဖြစ် မမျှော်လင့်နိုင်သော်လည်း အမေ ရိကန်နှင့် အိန္ဒိယနိုင်ငံကို လိုလားသည့် နိုင်ငံတစ်ခုဖြစ်လာအောင် ကျွန် တော်တို့ ကူညီ သင့်ပါသည်။ထပ်ဖြည့်စွက်ရလျှင် မြန်မာ သည် အကြမ်းဖက်ဆန့်ကျင်ရေး စစ်ပွဲမှာလည်း အဓိက ပူးပေါင်း ဆောင်ရွက်မည့် သူတစ်ဦးဖြစ် လာနိုင်ပါသည်။ အရှေ့အလယ် ပိုင်းနှင့် အရှေ့တောင်အာရှ အကြားမှာ ကြားလမ်းအဖြစ် တည်ရှိသည့်အတွက် ဂျီဟတ် ဘာ သာရေး အစွန်းရောက်များနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသူများ ၏ လှုပ်ရှားမှုများ ကို မြန်မာက ထိန်းချုပ် တားမြစ်နိုင်ပါလိမ့်မည်။နောက်ဆုံးအချက်မှာ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက ကျွန်တော်တို့ကို ပြောကြားသကဲ့ သို့ တိုင်းပြည်၏ သဘာဝ သယံ ဇာတများကြောင့် အလားအလာ ရှိသော ကုန်သွယ်ဖက်နိုင်ငံ ဖြစ် လာနိုင်ပါသည်။

နောက်ဆုံးဆိုရလျှင် မြန်မာသည်ကမ္ဘာမှာအမေရိကန်အစိုးရ၏ဂုဏ်ယူစရာ ခေါင်းဆောင်မှု အတွက်လှပသောဇာတ်လမ်း ကောင်းတစ်ခု    ဖြစ်ပါသည်။ ဒေါ်အောင် ဆန်းစုကြည်၊  စီးပွား ရေးပိတ်ဆို့မှုများနှင့်  သံတမန် ရေးရာ ဖိအားများကို အမေရိကန် အစိုးရပါတီနှစ်ခု စလုံးက အား ပေးထောက်ခံမှုသည် အနှစ်ငါး ဆယ်ကြာ ရက်စက်ဖိနှိပ်မှုများကို လမ်းကြောင်းပြောင်းပေးနိုင်ခဲ့ သည်။တိုင်းပြည်၏ ပြောင်းလဲ တိုး တက်မှုများက တစ်စိတ် တစ်ပိုင်း မျှသာဖြစ်ပြီး နောက်ပြန်သွားနိုင် သော်လည်း မြန်မာသည် အခြား အာဏာ ရှင်နိုင်ငံများအတွက် စံပြ ဥပမာတစ်ခု ဖြစ်သည်။ သို့သော် လည်း ကျွန်တော်တို့ အမှတ်ရနေ ရန်မှာ မကြာသေးမီကအထိ မြန်မာသည် ဖွံ့ဖြိုးစ ဒီမိုကရေစီ နိုင်ငံတစ်ခု ထက် မြောက်ကိုရီး ယားနှင့် ပုံစံတူနိုင်ငံတစ်ခု ဖြစ်ခဲ့ သည်ဆိုသော အချက်ပင်။

ထို့ကြောင့် သည်နေရာမှာ ရှေ့ဆက်လုပ်စရာ အတော်များ များ ကျန်နေသေးသည် ဆို သည် ကို သံသယရှိစရာမလို။ အစိုးရထဲ မှာ အခြေခံဥပဒေအရ စစ်တပ်၏ ပါဝင်ပတ် သက်မှု အခန်းကဏ္ဍ အတွက်  ဖြေရှင်းစရာရှိရမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လည်း ဒီမိုကရေစီ လှုပ်ရှားမှု ကနေ အစိုးရပါတီအဖြစ် ပြောင်း လဲဖို့ လိုအပ်ပါလိမ့်မည် ။ ပြည် တွင်းတိုင်းရင်းသား ပဋိပက္ခများ ကလည်း စိုးရိမ်ရဆဲ အခြေအနေ မှာရှိနေပြီး အစိုးရပါတီ၏ အပစ် အခတ်ရပ်စဲမှုကို ထိန်းထားနိုင်မှု အပေါ်တွင် လုံးဝမူတည်နေသည်။

မွတ်စလင်လူနည်းစု ရိုဟင် ဂျာတွေမှာလည်း ဆိုးဆိုးရွားရွား အခြေအနေနှင့် နေထိုင်နေ ရ၏။ အကျင့်ပျက် ခြစားမှုတွေကလည်း အတော့်ကို အမြစ်တွယ်အခြေ အနေဆိုးနေသည် ။ စီးပွားရေးမှာ လည်း ပြုပြင်ပြောင်းလဲမှုများ အများကြီး လိုအပ်နေသည်။မြန်မာ ကို သည်ပြဿနာများ ဖြေရှင်းရာမှာ ကူညီပေးဖို့အတွက် အမေရိကန်ပြည်ထောင်စု အနေ ဖြင့် ရေတိုလောက်သာ ရည်မှန်း ပြီး ငါးပွက်ရာ ငါးစာချရုံလိုမျိုး မလုပ်သင့်ပါ ။ မြန်မာ၏ သမိုင်း ဝင်ရွေးကောက်ပွဲက စိတ်လှုပ်ရှား စရာ သတင်းမီဒီယာများ၏ အာရုံ စိုက်စရာဖြစ်သည်။ သို့သော် သည်နိုင်ငံမှာ ဒီမိုကရေစီအဖွဲ့ အစည်း အားကောင်း လာအောင် လုပ်ဆောင်ခြင်းကိုမူ အလေး မထားကြ။ မြန်မာနိုင်ငံကို လူစိတ် ဝင်စားမှု နည်းလာသည်ဆိုလျှင် တောင် အမေရိကန်အနေဖြင့် သူ၏ မြန်မာမှာ သြဇာလွှမ်းမိုးမှု ကို ဆက်ထိန်းထားရမည်။

မြန်မာမှာ ခိုင်မာသည့် တိုး တက်မှုများရပြီး အမေရိကန် အစိုးရ၏ ပိတ်ဆို့မှုများကို ဖယ် ရှားနိုင်အောင် ကျွန်တော်တို့အနေ ဖြင့် အစိုးရအသစ်နှင့်ရော စစ်တပ်နှင့်ပါ လုပ်ဆောင် သွားနိုင်ပါ သည်။ ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံနေမှုများအပေါ်မှာလည်း ကျွန်တော် တို့ ပြတ်ပြတ်သားသား ဆက်သွယ်ဖြေရှင်းရမည်။ မြန်မာ မှာ နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများကို ကျွန်တော်တို့က မြှင့်တင်ပေးနိုင်သလို နည်းပညာ နှင့် အုပ်ချုပ်မှု ဆိုင်ရာ အကူအညီ များလည်း ထောက်ပံ့ပေးနိုင်ပါ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရွေးချယ်ခံ လွှတ်တော် အမတ်အတော်များများသည် တစ်ချိန်တုန်းက နိုင်ငံရေးအကျဉ်း သမားများ ဖြစ်ပါသည်။ သူတို့က ကျွန်တော်တို့အား သူတို့ခံယူချက် တစ်ခုကို ပြောကြားခဲ့ကြသည်။ခွင့်လွှတ်ပါတယ် ဒါပေမဲ့မေ့တော့  မမေ့ဘူးသည်ပြောစမှတ်ပြုဖွယ် စကားသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အကောင်းဆုံး မျှော်လင့်ချက်တစ် ခုမဟုတ်သလို အမေရိကန်မူဝါဒ များအတွက် အချက်ပြလမ်းညွှန် တစ်ခုလည်း ဖြစ်ပါသည်။

(CNN သတင်းဌာန၌ ဖော်ပြထား သော အမေရိကန်နိုင်ငံ အာကင် ဆောပြည်နယ် အထက်လွှတ် တော်အမတ် Tom Cotton ၏ ပုဂ္ဂိုလ်ရေးရာအမြင်ဖြစ်သည့် Why U.S. should back change in Myanmar ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)

FROM-7 DAY

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate