Saturday, 23 January 2016

ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်၍ဟုဆိုကာ ထောင် ၃ နှစ်ကျခံထားရသည့် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်မြောက်

Sittwe-prison
 မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇန်န၀ါရီ ၂၂
ရက္ခိုင့်တပ်မတော် ( AA )နှင့်ပတ်သက်သည်ဟုဆိုကာ ထောင်ဒဏ် ၃ နှစ်ကျခံထားရသည့် ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်မြောက်လာကြောင်း အကျိုးဆောင်ရှေ့နေက ပြောသည်။
ယခုလွတ်မြောက်လာသူမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် လဟာကျယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ဖြစ်ပြီး ဇန်နဝါရီလ ၂၂ ရက်က သမ္မတ၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် စစ်တွေ အကျဉ်းထောင်မှလွတ်မြောက်လာခြင်းဖြစ်သည်။
“သူလွတ်လာတာ ဟုတ်ပါတယ်။ ကျမတောင်သွားတွေ့ခဲ့ပါသေးတယ်”ဟု သူ၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က နိရဉ္စရာသို့ ပြောသည်။
ဦးဝင်းမောင်သည် ရက္ခိုင့်တပ်မတော် (AA)နှင့် ပတ်သက်ဆက်သွယ်သည်ဟုဆိုကာ ပြီးခဲ့သည့်  ၂ဝ၁၅
ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင်  မတရား အသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသူဖြစ်သည်။
ယင်းနောက် သူ့အား စက်တင်ဘာ ၂၉ ရက်နေ့တွင် မင်းပြားမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့သည်။
စစ်တွေအကျဉ်းထောင်မှ ယနေ့ လွှတ်မြောက်လာသည့် အကျဉ်းသားဦးရေကို နိရဉ္စရာက စုံစမ်းနေဆဲ ဖြစ်ပါသည်။
Narinjara

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate