Friday, 19 February 2016

လိပ်ကျွန်းအမှု အယူခံဝင်ရန် ရက် ထပ်မံ ရွှေ့ဆိုင်း


ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီ ခရိုင် လိပ်ကျွန်းခေါ် ခိုတောင်ကျွန်းမှာ ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံ ရတာနဲ့ ပတ်သက်ပြီး သေဒဏ် အပြစ်ပေး ခံထားရတဲ့ မြန်မာ လူငယ် ၂ ဦးကို အယူခံ ၀င်ပေးဖို့ နောက်ထပ် အချိန် ၁ လ ရွှေ့ဆိုင်း လိုက်ပါတယ်။

မှုခင်း ဆေးသိပ္ပံ အပိုင်းမှာ နိုင်ငံခြား ပညာရှင်တွေ အကူအညီ ယူရတဲ့ အတွက် အချိန် မလောက်ငလို့ ဖေဖော်ဝါရီ ၁၈ ရက်က တရားရုံးမှာ နောက်ထပ် ၁ လ ရွေှ့ဆိုင်းဖို့ ပြောခဲ့ တယ်လို့ ဒီအမှုမှာ ကူညီ ဆောင်ရွက် ပေးနေတဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် အဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးက ဒီဗွီဘီကို ပြောပါတယ်။

“အစက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အယူခံ ၀င်ဖို့ သတ်မှတ် ထားတာ ပေါ့နော်၊ ဒါပေမယ့် မှုခင်း ဆေးသိပ္ပံ ဆိုင်ရာ ဒီအန်အေ ကိစ္စတွေမှာ နီုင်ငံခြား ပညာရှင်တွေ ဆီကနေ အကြံပြုချက်တွေ ယူရတယ်၊

အဲဒီမှာ ကျနော်တို့ဘက်က သက်ဆိုင်ရာ အမှုတွဲ တွေကို ဘာသာပြန် ပေးရတယ်။ သူတို့ဆီက ပြန်ပို့ပေးတဲ့ အချက်တွေလည်း တခါ ထိုင်းလို၊ အင်္ဂလိပ်လို ဘာသာပြန် ရတယ်၊ အဲလို အဆင့်ဆင့် သွားနေ ရတော့ သတ်မှတ် ထားတဲ့ ရက်အတိုင်း အယူခံ ၀င်နိုင်မှာမ ဟုတ်ဘူးလေ၊ ဒါကြောင့် ကျနော်တို့ ဘက်က ထိုင်းရှေ့နေများ ကောင်စီဝင် ရှေ့နေက ကော်စမွီ တရားရုံးမှာ သွားပြီး နောက်ထပ် ရက်တိုးမယ့် အကြောင်း တင်ပြခဲ့တာ။”

တရားရုံး ခွင့်ပြုချက် အရ လာမယ့် မတ်လ ၂၄ ရက်နေ့မှာ အယူခံ ၀င်မယ်လို့ သူကဆက်ပြော ပါတယ်။

ထိုင်းရှေ့နေများ ကောင်စီ အဖွဲ့ဝင်ရှေ့နေနဲ့ လူ့အခွင့် အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ဘာသာပြန် မအေးမာချိုတို့ဟာ လူသတ်မှု ပြစ်ဒဏ် ချခံထားရတဲ့ ဇော်လင်း နဲ့ ဝေဖြိုးတို့ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဘန်ခွမ် အကျဉ်းထောင်မှာ နောက်ထပ် သွားရောက် တွေ့ဆုံပြီး အားပေး စကားပြောကြား ခဲ့ပါတယ်။

သူတို့ အတွက် အယူခံ ၀င်ဖို့ လုပ်ပေးနေတဲ့ အကြောင်းကို ရှင်းပြပြီး လိုအပ်တဲ့ အသုံး အဆောင် တွေရော မုန့်ဖိုးငွေ ဘတ် ၁၅၀၀ စီပါ ထပ်ပြီး ပို့ပေး ခဲ့တယ်လို့ ဦးစိန်ဌေးက ပြောသွား ပါတယ်။

လူငယ် ၂ ဦးက ကျန်းမာရေး ကောင်းမွန်ပြီး ထောင်တွင်းမှာ အဆင်ပြေစွာ ရှိကြောင်း ပြန်ပြော ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဗွီဘီ by နန်းမြနဒီ

Originally published at - http://burmese.dvb.no/archives/135913

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate