Thursday, 4 February 2016

ရခိုင်အမျိုးသား ပါတီမှ ထုတ်ပြန်ခဲ့သော (၁/၂၀၁၆) ကြေညာချက်မှာ ဘောင်မ၀င်ဟု ဆို









ရခိုင် အမျိုးသား ပါတီမှ ဇန်န၀ါရီ တတိယ အပတ်တွင် (၁/၂၀၁၆) ဖြင့် ထုတ်ပြန် ခဲ့သော ကြေညာချက်မှာ ပါတီ၏ ဖွဲ့စည်းပုံ အရ ဘောင်မ၀င်သည့် အတွက် ယင်း ထုတ်ပြန်ချက်မှာ ပျက်ပြယ် ပြီးသား ဖြစ်ပါ သည်ဟု ရခိုင်အမျိုးသား ပါတီ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။

ရခိုင်အမျိုးသား ပါတီမှ (၁/၂၀၁၆) ဖြင့် ထုတ်ပြန် ခဲ့သော ထုတ်ပြန်ချက်မှာ ANP ပါတီဝင်များအား ရခိုင်ပြည်နယ် အတွင်း ပြည်နယ် ၀န်ကြီးချုပ် ရာထူး မပေးပါက မည်သည့် အစိုးရ အဖွဲ့မှ ပါဝင်ဆောင်ရွက်ခြင်း မပြုရန် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ANP ပါတီမှာ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၃၉ ဦး ရှိပါတယ်။ ပါတီမှာလည်း မူဝါဒ တစ်ခု ရှိတယ်။

အဲဒါကတော့ ဘယ်အစည်းအဝေးမဆို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် တစ်ဝက်ခန့် တက်မှသာ အစည်းဝေး အထမြောက်တယ်လို့ ပြောထားတယ်။
အခုညွှန်ကြားချက် ထုတ်တဲ့နေ့က အစည်းအဝေးမှာ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ခုနစ်ဦးပဲ တက်ရောက် ခဲ့တယ်။ အဲဒီအထဲမှာ တစ်ဦးက ကန့်ကွက်တယ်။ ဒါကြောင့် ဘယ်လိုပဲ ညွှန်ကြားချက် ထုတ်ခြင်းသည် ဘောင် မ၀င်ပါဘူး။

အလိုအလျှောက်လည်း ပျက်ပြယ်ပြီးသား ဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောသည်။

ရခိုင်အမျိုးသား ပါတီအနေဖြင့် ယခုအခါ အစိုးရသစ် လက်ထက်တွင် အမျိုးသား လွှတ်တော် ဒုဥက္ကဋ္ဌ နေရာအား ဦးအေးသာအောင်ကို ရွေးချယ်ခဲ့သည့် အတွက် ရခိုင်ပြည်နယ်မှ ပြည်သူများ အနေဖြင့်လည်း ၀မ်းသာ ခဲ့ကြောင်း ရခိုင် တိုင်းရင်းသား အမျိုးသား တစ်ယောက် အနေဖြင့် ယခုလိုမြင့်မားသော ရာထူးကို ရရှိခဲ့ခြင်း မှာလည်း အင်မတန်မှ ၀မ်းသာ ဂုဏ်ယူကြောင်းကို ၄င်းက ထပ်မံ ပြောကြား ခဲ့သည်။

Originally published at - http://tomorrow.com.mm/?q=articles/2312
ပိုင်လေး

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate