Wednesday, 9 March 2016

ကိုးသောင်းပုထိုးတော်ကြီး သမိုင်းအကျဉ်း



Photo . Google

Date . 8.3.2016
Time : 17:00:18:00
DJ    . Zin Myo
မင်္ဂလာပါ MAP Radio FM 102.50 MHz ရခိုင်တိုင်ရင်းသားဘာသာ အစီအစဉ်ကို ဒီတစ်ပါတ်မှာဖြင့် အားပေးနားဆင်နေကြတဲ့ အရိတ်သ အပေါင်းတို့ကို
ကိုးသောင်းပုထိုးတော်ကြီး သမိုင်းအကျဉ်းကို မြန်မာလို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ် တစ်ဆက်တည်းမှာပင် စနစ်တကျဖျက်ဆီးခံနေရသော ရခိုင့်ရှေးဟောင်းမြို့တော် မြောက်ဦး ဆိုတဲ့ ဆောင်းပါလေးပါ ထုတ်းလွှင့်သွားမှာဖြစ်ပါတယ် ဒီဆောင်းပါးလေးကိုတော့ VOA မြန်မာပိုင်း ကနေ ရခိုင် ရှေးဟောင်းသုတေသန ပညာရှင် ဆရာမ ဒေါ်ခင်သန့်နဲ့ တွေ့ဆုံမေးမြန်းခန်းကိုလည်း တစ်ဆက်တည် ထုတ်လွှင့်သွားမှာဖြစ်ပါတယ် ..  ကုန်းခဲ့တဲ့နှစ်ကလည်း မြောက်ဦးဘုရားသမိုင်းတွေကို မြန်မာလိုထုတ်းလွှင့်ပြီးဖြစ်ပါတယ် ဘာအတွက်ကြောင့် ရခိုင်တိုင်းရင်းသားဘာသာမှာ မြန်မာလို ထုတ်လွှင့်ရပါသလဲ ဆိုပြီး မေးခွန်းတွေ မေးကြတဲ့ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေကို ဒီနေ့မှာလည်း အနည်းငယ်ရှင်းပြသွားမှာဖြစ်ပါတယ်။ ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေဟာ သမိုင်းအစဉ်လာကြီးမားပြီး ယဉ်ကျေးမှုတွေအမတန်း ထွန်းကားခဲ့တယ်ဆိုတာကို ကျနော်တို့ ရခိုင်တိုင်းရင်းသားတိုင်း အားလုံးနည်းပါး မဟုတ်ရင်တောင်မှ အနည်းအကျဉ်းမျှတော သိကြမှာပါ အားလုံးနည်းပါကို ကျနော်ကိုယ်တိုင်တောင်မှ မသိပါဘူး ကျနော်လည်း တိုင်းတစ်ပါးကိုရောက်မှပဲ လေ့လာ ဆည်းပူးလို့ အခုလို အနည်းငယ်မျှ
သိရှိလာရတာဖြစ်ပါတယ်။ မိမိမြို့ မိမိရပ်ရွာမှာ နေထိုင်ခဲ့စဉ်က ရခိုင်တို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာကြီးမားခဲ့သည်ကို ကျနော် မသိ အနည်းငယ်မျှသာ သိရှိခဲ့ရပါတယ်။ဘာအတွက်ကြောင့် ရခိုင်တိုင်းရင်းသားတစ်ယောက် ဖြစ်ပါလျှက်နဲ့ မိမိရဲ့ ရခိုင့်ယဉ်ကျေးမှု ရိုးရာများကို အသိရှိခဲပါသလဲဆိုပြီးတော့ မေးခွန်းတွေ မေးစရာ အများကြီးဖြစ်ပါလိမ့်မယ်။ဒီလိုသာ မေးလာခဲ့ရင်လည်း ကျနော် မဖြေဆိုနိုင်ပါဘူး ဒီမေးခွန်းဟာ နိုင်ငံရေး လူမျိုးရေးနဲ့ တိုက်ရိုက် ဆက်နွယ်နေလို့ဖြစ်ပါတယ်။ဒါကြောင့်မို့ ကျနော် ဒီအကြောင်းအရာတွေကိုတစ်ခြားသော တိုင်းရင်းသားတွေ မေးလာရင်လည်း ပြောမှုာ မဟုတ်ပါ ကျနော်တို့ ရေဒီယိုက တိုင်းရင်းသားတွေအကြား ရိုးရာ ယဉ်ကျေးမှုတွေက်ု အပြန်အလှန် နားလည်နိင်အောင် ရည်ရွယ်ထားပါတယ် ဒါကြောင့်မို့ ကျနော်ရဲ့ ရခိုင်တိုင်းရင်းသားဘာသာ အစီအစဉ်မှာ မိမိ ရခိုင်တိုးရင်းသား ဘာသာစကားနဲ့ မပြောပဲ မြန်မာလို ဘာအတွက်ကြောင့် ပြောနေရပါသလဲ ဆိုပြီးတော့ ကျနော်တို့ရဲ့ ရခိုင်လူထုတွေက မြေးမြန်းခြင်းကို ကျနော် ခံရပါတယ် ကျနော်လည်း ဒီလေလှိုင်းပေါ်ကနေ ခဏခဏ ရှင်းပြဖူးပါတယ်. ကျနော့်ရဲ့ ရခိုင်တိုင်းရင်းသားဘာသာကို ရခိုင်စကားဖြင့်သာ ပြောနေတယ်ဆိုပါက ရခိုင်လူမျိုးတို့သာ နားလည်မှာဖြစ်ပါတယ် .. ထိုနည်းတူစွာ တစ်ခြားသော တိုင်းရင်းသားတွေကလည်း အခုလို တောင်းဆိုလာတာတွေ ရှိနေပါတယ် ။ ရခိုင်တိုင်းရင်းသားဘာသာအစီအစဉ်မှာ ဖြစ်နိုင်ရင် မြန်မာလို့ လွှင့်ပေးပါ ဒါမှသာ ရခိုင်တွေရဲ့ယဉ်ကျေးမှု ရိုးရာအစဉ်အလာ ထွန်းကားခဲ့ပုံကို တစ်ခြားသို့ တိုင်းရင်းသား ညီကိုမောင်နှမတွေလည်း သိရှိနားလည်မှာဖြစ်ပါတယ်ဗျာ ဒါကြောင့်မို့ ဖြစ်နိုင်ရင် ရခိုင်တိုင်းရင်းသားဘာသာ အစီအစဉ်မှာ အကုန်းလုံးနည်းပါးမဟုတ်ရင်တောင်မှ ရိုးရာယဉ်ကျေးမှု ဘုရားသမိုင်းတွေကို ကျေးဇူးပြုလို့ မြန်မာလို လွှင့်ပေးစေချင်ပါတယ်ဆိုပြီး တောင်းဆိုသူတွေ ရှိပါတယ်။ ဖုန်းဆက်ပြီးတောင်းဆိုသူတေံရော အပြင်မှာ တွေ့ဆုံပြီး တောင်းဆိုသူတွေပါ ကျနော်တို့ ရခိုင်တိုင်းရင်းသားဘာသာ အစီအစဉ်ကနေ အလေးထားတဲ့အနေနဲ့  ရှေးခေတ် ဘုရားသမိုင်းတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို ထုတ်လွှင့်ပေးတဲ့ နေ့တွေမှာ အတတ်နိုင်ဆုံး ကြိုးစားကာ ထုတ်လွှင့်ပေးပါ့မယ်လို့ ပြောကြားရင်း ကုန်ခဲ့တဲ့ အပါတ် တောင်းဆိုတေး အစီအစဉ်မှာ အကြွေးတင်ကျန်ခဲ့တဲ့ သီချင်းလေးတစ်ပုတ်ကို ထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်..
ကိုးသောင်းပုထိုးတော်ကြီး သမိုင်းအကျဉ်း
သျှစ်သောင်းပုထိုးတော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သော မြောက်ဦးရွှေနန်းရှင် မင်းဗာဘုရင်မင်းမြတ်သည် သက္ကရာဇ် ၉၁၅ - ( အေဒီ - ၁၅၅၃ ) ခုနှစ်တွင် နတ်ရွာစံပြီးနောက် ထီးမွေနန်းဆက် အရိုက်အရာကို ဆက်ခံမည့် အိမ်ရှေ့စံဖြစ်သော သားတော်ကြီး မင်းတိက္ခာမှလည်း နာမကျန်းဖြစ်နေသည်နှင့် ကြုံတွေ့နေရသည် ။
မြောက်ဦးမြို့တစ်ခွင်၌လည်း "" မင်းတိက္ခာသည် နန်းတက်ပြီး ( ၆ ) လ အကြာတွင် နတ်ရွာစံ ကံတော်ကုန်မည် "" ဟူ၍ အတိတ်တဘောင်များ ပေါ်ပေါက်နေလေသည် ။ ဘုရင်မင်းတိက္ခာလည်း ဗေဒင်ဟူးရားအတတ်တို့နှင့် တိုင်ပင်မှုပြုရာ ၎င်းတို့၏ အကြံပြုလျှောက်ထားချက်အရ ကိုးနဝင်းချေသည့်အနေဖြင့် "" ကိုးသောင်းသောဘုရားကို တည်ရမည် "" ဟူ၍ မင်းတိုင်ပင်အမတ်များကလည်း အကြံပြုကြလေ၏ ။
၎င်းပြင် ယတြာအဖြစ် နန်းတော်ကြီး၏ အရှေ့ဘက် ကိုးသောင်းဘုရားတည်မည့်နေရာ၏ အရှေ့အရပ် ကွင်းပြင်လပ်တစ်ခု၌ ယာယီနန်းဆောက်ကာ စံစေတော်မူသည် ။ ကိုးသောင်းပုထိုးတော်ကြီးအားလည်း ဘုရင်မင်းတိက္ခာ၏ ဂြိုဟ်ဆိုးကြမ္မာဆိုးဝင်သောကာလအဖြစ် ( ၆ ) လအတွင်း အပြီးသတ်ဆောက်ရန် အမိန့်တော်ချမှတ်၏ ။ ဘုရင်မင်းတိက္ခာ၏ အမိန့်တော်အရ ရခိုင့်ဗိသုကာပညာရှင်များ ကြိုးစားဆောက်လုပ်ခဲ့ရာ ( ၆ ) လအတွင်း ကိုးသောင်းဘုရားကြီး စပြီးအကောင်အထည်ဖေါ် တည်ဆောက်ရာ ခရစ်သက္ကရာဇ် ( ၁၅၅၃ ) ခုနှစ်တွင်ပင် အပြီးဆောက်လုပ်ဖြစ်သည်နှင့် ဘုရင်မင်းတိက္ခာ၏ ခံစားနေရသော ရောဂါဝေဒနာသည်လည်း အံ့သြဖွယ်ရာကောင်းလောက်အောင် ပျောက်ကင်းတော်မူခဲ့လေသည် ။
ကိုးသောင်းပုထိုးတော်ကြီးမှာ သျှစ်သောင်းပုထိုးတော်ကြီးနှင့် ဆောက်လုပ်ပုံချင်း တူညီသည်ဟုဆိုရပေမည် ။ ပုထိုးတော်အတွင်း လှိုဏ်ပတ်လမ်းများကို ကျောက်သားများဖြင့် ထုဆစ်ထားကာ ၎င်းတစ်ချပ်စီ၏ အပေါ်ပိုင်းတွင် ထူပါရုံစေတီ ကိုးဆူစီရှိပါသည် ။ အပြင်နံရံကိုလည်း ဘုံအဆင့် ကိုးဆင့်စီထားရှိပြီး ၊ ၎င်းအဆင့်များတွင် အရံစေတီငယ် ( ၁၀၈ ) ဆူကိုလည်း အစဉ်အတိုင်း တည်ထားပါသည် ။ ပုထိုးတော်တစ်ခွင်လုံး၌ မည်သို့ရေတွက်သည်ဖြစ်စေ ကိုးနဝင်းအပြည့်စီရှိနေပါသည် ။
ပုထိုးတော်ကြီး၏ အထက်ပုံသဏ္ဍာန်ကို အဝေးမှဖူးမျှော်နိုင်ရန် အလယ်ခေါင်တည့်တည့်တွင် ထူပါရုံ ကျောက်စေတီတစ်ဆူအဖြစ် တည်ရှိပါသည် ။ ၎င်းစေတီတော်၏ အောက်ခြေမှာ ရှစ်မြှောင့် ( အဋ္ဌဂံ ) ပုံသဏ္ဍာန်ရှိသည်ဟု ဆိုထားသော်လည်း ယခုအခါ ပြိုပျက်နေပြီး အတွင်းအပြင် ဥမင်လမ်းများ ပိတ်ဆို့နေပါတော့သည် ။ ပုထိုးပေါ်သို့တက်ရန် အရှေ့ဘက်မှ တက်လမ်းတစ်ခုရှိပါသည် ။ ထိုလမ်းမှတက်လျှင် ရှေးအခါက အာရုံခံသိမ်တော်တည်ရှိရာ ရင်ပြင်တော်သို့ရောက်ပါသည် ။ ထိုရင်ပြင်တော်၏ လက်ဝဲလက်ယာနှစ်ဘက်လုံးတွင် လှိုဏ်ဂူပတ်လမ်းသို့ ဝင်ထွက်နိုင်ရန် ဝင်/ထွက်ပေါက်နှစ်ခုရှိပါသည် ။
ယခုအခါ ၎င်းသို့ဝင်ထွက်နိုင်ခြင်း မရှိတော့ပဲ ကျောက်သားနံရံများ ပြိုဆင်းကာ အုဋ်ကျိုးများက ပိတ်ဆို့နေပါတော့သည် ။ ပုထိုးတော်ကြီး၏ အရှေ့ဘက်တွင် ဘုရင်မင်းတိက္ခာ၏ ယာယီစံတော်မူခဲ့သော နန်းတော်ရာရှိပါသည် ။ ယခုအခါ ကုန်းမြေသားအတိအဖြစ် တွေ့ရှိနိုင်ပြီး အုဋ်တံတိုင်းပျက် ကာရံထားသည်ကို တွေ့ရှိရပါသည် ။ ၎င်းမှာ တောင်မြောက် ( ၉၅ ) ပေ ၊ အရှေ့အနောက် ( ၁၂၀ ) ပေခန့် ကျယ်ဝန်းပါသည် ။
အကွာအဝေးအရ ပေစိတောင်ကုန်းမှ မြောက်စူးစူး ကိုက် ( ၄၀၀ ) ခန့်အကွာ နန်းရာကုန်း၏ အရှေ့ဘက် တစ်မိုင်ခွဲခန့်ကွာဝေးပါသည် ။ မြောက်ဦးခေတ် စေတီပုထိုးများအနက် ထုထည်အကြီးမားဆုံးပင်ဖြစ်သည် ။ ယခုအခါ အပေါ်ပိုင်း နဂိုလက်ရာမရှိတော့ပဲ ပေ ( ၃၀ ) ခန့်မြင့်သော အောက်ပိုင်းပစ္စယံမျှသာ ကျန်နေပါတော့သည် ။ အလျားအားဖြင့် တောင်မြောက် ( ၂၅၀ ) ပေ ၊ အနံအားဖြင့် အရှေ့အနောက် ( ၂၃၀ ) ပေခန့်ရှိပါသည် ။
တစ်ချို့ကလည်း . . . . . ဤကိုးသောင်းပုထိုးတော်ကြီးကို မိုးကြိုးပစ်ခံရ၍ အပေါ်ပိုင်းပျက်စီးနေခြင်းဟုဆိုသည် ။ နောက်တစ်စုကလည်း ဖခမည်းတော်ဖြစ်သူ မင်းဗာဘုရင်က သျှစ်သောင်းပုထိုးတော်ကြီး တည်ဆောက်သည်ကို အဖထက်သာလွန်၍ သားဖြစ်သူက ကိုးသောင်းတည်ဆောက်ခဲ့ခြင်းကြောင့် အပြစ်ဒဏ်ခံရသည်ဟု သုံးသပ်ကြပြန်သည် ။ ဖြစ်သင့်သည့် အမှန်ကဏ္ဍပိုင်းဆိုင်ရာကို ဗိသုကာပညာရပ်အရ စဉ်းစားချင့်ချိန်ကြည့်ပါက ဘုရင်မင်းတိက္ခာအား ဗေဒင်ဟူးရားပညာရှိများ၏ ( ၆ ) လအတွင်း အပြီးအစီး တည်ဆောက်ရန် အကြံပြုခဲ့ကြသောကြောင့် ပုထိုးတော်ကြီး၏ ကိုယ်ထည်ဒြပ်နှင့် လ.အကန့်အသတ်အားဖြင့် တည်ဆောက်ခဲ့မှုဖြစ်ရာ အလျင်စလိုမှုကြောင့် အားနည်းချက်များ ရှိနိုင်မည်ဖြစ်သည် ။၎င်းပြင် နောက်ခံသမိုင်းများကို ထောက်ရှု့ကြည့်ခြင်းအားဖြင့် ပင်လယ်ကမ်းစပ်နဲ့နီးသော နေရာများ၌သာ ရှိတတ်သော သက်ရင့်ကျောက်များကို သယ်ယူရေးကဏ္ဍ၌ အချိန်ကာလအားဖြင့် မပေးနိုက်သလို ကျောက်စိုင်ကျောက်သား ခိုင်မာမှုမရရှိ၍ ရွံအုဋ်များဖြင့် ရောညှပ်ဆောက်လုပ်ခဲ့ရသည်များကလည်း သက်သေပြနေပါသည် ။ နောက်တစ်ချက်ကလည်း ကိုးသောင်းပုထိုးတော်ကြီးမှာ ကွင်းပြင်တွင် ထီးထီးမားမား တည်ရှိနေသောကြောင့် အမှန်ပင် မိုးကြိုးထိမှန်ခဲ့သည် ဆိုပါကလည်း ဥတု သဘာဝတရား၏ ဖြစ်စဉ်ကြောင့်သာ သင့်လျော်လိမ့်မည်ဟု သုံးသပ်မိပါသည် ။
ဒီအကြောင်းအရာကိုတော့
ရခိုင်မဟာရာဇဝင်ကြီး ၊ ဦးထွန်းရွှေခိုင် ( မဟာဝိဇ္ဇာ ) မှ ကူးယူဖေါ်ပြ သုံးသပ်ပါသည် ။
နန်းတွင်းမိညို ဘလော်ဂါကနေ မျှဝေပေးရင်းဖြစ်ပါတယ်
http://eaglesamui.blogspot.com/
တစ်ဆက်တည်းမှာပင် VOA မြန်မာပိုင်း ကနေ ရခိုင် ရှေးဟောင်းသုတေသန ပညာရှင် ဆရာမ ဒေါ်ခင်သန့်နဲ့ တွေ့ဆုံမေးမြန်းခန်းကိုလည်း ထုတ်လွှင့်သွားမှာဖြစ်ပါတယ် ခံစားနားဆင်ကြည့်ကြပါ .. 
 နားဆင်ရန်............

--------------------------------------------------------------------------------------------------------
 နားဆင်ရန်............
--------------------------------------------------------------------------------------------------------

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate