Friday, 4 March 2016

အငိုမတိတ်သည့် သမီးအရင်းကို အဖေရင်းက ဓားဖြင့်ခုတ်သတ်

Posted by သတင်းအတင်းမီဒီယာ 
ငိုနေသည့် လသားအရွယ်သမီးငယ်အား ဦးခေါင်းကို ဓားဖြင့်ခုတ်သဖြင့် ကလေးငယ်သေဆုံးသွားကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ ပန်ကြူအုပ်စု၊ ပန်ယောင်းရွာတွင် မတ်လ(၁)ရက်နေ့က ဦးရှဲချီ (ခ) ဦးချဲချေကောလာသည် (၉)လအရွယ် သမီးငယ်အား ချီထားစဉ် အငိုမတိတ်သည့်အတွက် ဓားဖြင့်ခုတ်မည် ပြောသဖြင့် ဇနီးဖြစ်သူက ကြောက်လန့်ပြီး အော်ဟစ်အကူအညီတောင်းရာ လာရောက်တားဆီးသည့် အိမ်နီးချင်းဖြစ်သူ ဦးယာချီအားလည်း ဦးခေါင်းကို ဓားဖြင့် ခုတ်လိုက်သဖြင့် ကျိုင်းတုံဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့် အချိန်သည် မတ်လ(၁)ရက်နေ့က ဖြစ်ပွားတာဖြစ်ပြီး ကလေး၏ ဦးခေါင်းအား ဓားဖြင့်ခုတ်ကာ မြေပြင်ပေါ်သို့ ပစ်ချထားကြောင်း နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် ပန်ကြူအုပ်စု ပြည်သူ့စစ်တပ်ဖွဲ့တို့မှ ပူးပေါင်း၍ သေဆုံးသူကလေး၏ ဖခင်ဖြစ်သူအား ၂၀၁၆ ခုနှစ် မတ်လ (၂ ) ရက်နေ့ ညနေ (၅) နာရီအချိန်၌ ၎င်း၏ နေအိမ်အတွင်း၌ပင် ဖမ်းဆီးရမိကြောင်း သိရသည်။
သမီးငယ်အား ဦးခေါင်းကို ဓားဖြင့်ခုတ်သတ်သူ ဦးရှဲချီ (ခ) ဦးချဲချေကောလာအား ဥပဒေအရ အရေးယူပေးပါရန် ကလေး၏ မိခင်ဖြစ်သူ ဒေါ်နာလယ်နှင့် ဓားခုတ်ခံရသူ ဦးယာချီ၏ သားဖြစ်သူ ဦးယာချီးလေတို့မှ အမှုဖွင့်တိုင်တန်းထားသဖြင့် ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ) ၃၃/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၉၄/၄၅၁/၄၂၇ နှင့် (ပ) ၃၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၂ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်း ။ ။ ‪‎ဇင်အောင်‬
Tachileik News Agency

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate