လုပ်အားခ လစာ မရရှိကြသော ရွှေ့ပြောင်းအလုပ်သမား လုပ်အားခရရှိ
11.4.2016 - ထိုင်းနိုင်ငံထိုင်းနိုင်ငံ မဲဆောက်မြို့ နော်ကီဖါ့ ကျေးရွာအတွင်းမှ ပန်းရုံ ခေါ် 3DP စက်ရုံ သူဌေးမှ လုပ်အားခ လစာဘတ်ငွေကို ရှင်းပေးခြင်းမရှိပဲ နေ့ရွေ့ ညရွေ့ ရက်ချိန်းများစွာ စောင့်နေခဲ့သော်လည်း ယနေ့ ထိ ထုပ်ပေးခြင်း မရှိပါသဖြင့် တရားဥပဒေ အရ တောင်းဆိုသွား မည်ဖြစ်ကြောင်း AGYO သို့ 1 March 21:13 က လာရောက်တိုင်ကြားခဲ့ပါသည်။ထိုနည်းတူစွာ စက်ရုံအတွင်း ကျန်ရှိ နေသေးသော အလုပ်သမားများသည်လည်း လုပ်အားခ မရရှိပဲ ဆက်လက် စောင့်ဆိုင်း နေကြသည်ဟု သိရှိရပါသည်။စက်ရုံ၏ ပုံမှန်လစာထုပ်ရက်မှာ ၁၂ရက်နေ့ တစ်ကြိမ် ၂၅ ရက်နေ့ တစ်ကြိမ် တစ်လလျှင်
လစာငွေ နှစ်ကြိမ်ထုတ်ပါသ်ာလည်း ကိုဇော်ထက်နှင့်မစံပယ်တို့၏ လုပ်အားခငွေ (၆၈၆၀) ဘတ်ကို ထုတ်မပေးသည့်အတွက် ၎င်းတို့နှစ်ဦးမှ ရယူလိုပါသဖြင့် AGYOသို့ တိုင်းကြားခဲ့ပါသည်။ ကိုဇော်ထက် + မစံပယ်မိုးတို့၏ တစ်နေ့လုပါအားခ (၁၆၀)ဘတ် OT တစ်နာရီ (၂၀)ဘတ် အလုပ်ရက် (၁၅) ရက် နှစ်ယောက်ပေါင်း (၆၈၆၀)ဘတ် မသင်း ။ တစ်နေ့လုပ်အားခ (၁၄၀)ဘတ် OT (၁၇)ဘတ် စုစုပေါင်း လုပ်အားခ (၂၉၇၅)ဘတ် တို့ကို လပေါင်းများစွာ ရှိပါသော်လည်း ထုတ်မပေးသည့်အတွက် AGYO သို့ လာရောက်တိုင်ကြားခဲ့ရာ (AGYO) ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ ၎င်းတို့ နှစ်ဦးအား လိုက်လံကူညီ ဆောင်ရွက်ပေးသည်ပါသည်။
ယခု ထိုင်းနိုင်ငံ မဲဆောက်မြို့ နော်ကီဖါ့ ကျေးရွာအတွင်းမှ ပန်းရုံ ခေါ် 3DP စက်ရုံအမှု ပြီးဆုံးသွားပါပြီ။ ထိုင်းနိုင်ငံ မဲဆောက်မြို့ နော်ကီဖါ့ ကျေးရွာအတွင်းရှိ 3DP စက်ရုံ လုပ်ငန်းရှင် သူဌေးမှ မြန်မာရွေ့ပြောင်းအလုပ်သမားများဖြစ်ကြတဲ့ ကိုဇော်ထက် မစံပယ်တို့ ဇနှီးမောင်နှံအား လုပ်အားခ လစာ မထုပ်ပေးသဖြင့် ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး AGYO ထံတွင် 1 March 21:13 နေ့က အမှုလာရောက် တိုင်ကြားခဲ့ပါသဖြင့် ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး AGYO မှ ၄င်းစက်ရုံမှ မန်နေဂျာကို ဖုန်းဆက်မေးမြန်းခဲ့ရာတွင် ကိုဇော်ထက် မစံပယ် တို့အား လုပ်အားခ ရှင်းမပေးကြောင်းကို ပြန်လည်ဖြေကြားခဲ့ပါသဖြင့် ရခိုင်မျိုးဆက်သစ်လူငယ်များအစည်းအရုံး AGYOမှ ထိုင်းနိုင်ငံ မြန်မာအလုပ်သမားများအရေးကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ LLC နှင့် ပူပေါင်းပြီး ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေနှင့် အညီ အမှုဖွင့်ဆိုတိုင်ကြားခဲ့ရာတွင် 29- 3- 2016 နေ့ရက်တွင် 3DP
စက်ရုံသူဌေးမှ ထိုင်းအလုပ်သမား တရားရုံးသို့ ကိုဇော်ထက် မပံစယ် တို့၏ လုပ်အားခ ရပိုင်ခွင့် ဘတ်ငွေများကို ပေးပို့ခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမား တရားရုံးမှ ကိုဇော်ထက် မစပံယ်တို့အား ၄င်းတို့၏ လုပ်အားခ ငွေများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
နောက်နောင် တွင်လည်း ယခုလို မတရားခိုင်းစေခံရမှုများနှင့် တစ်ခြားသော အကြောင်းအရာများ ရှိပါက နီးစပ်ရာ အလုပ်သမားအရေး လုပ်ကိုင်ဆောင်ရွက်နေသူများနှင့် တိုင်ပင်ပြီး တောင်းဆိုသွားကြရန်း အသိပေးအပ်ပါသည်။ .
စက်ရုံသူဌေးမှ ထိုင်းအလုပ်သမား တရားရုံးသို့ ကိုဇော်ထက် မပံစယ် တို့၏ လုပ်အားခ ရပိုင်ခွင့် ဘတ်ငွေများကို ပေးပို့ခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမား တရားရုံးမှ ကိုဇော်ထက် မစပံယ်တို့အား ၄င်းတို့၏ လုပ်အားခ ငွေများကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။- (AGYO) ဦးလူမော် .0946945870
- (AGYO) ခိုင်ရာဇာ . 0881556014
- (AGYO ) ခိုင်ဌေး .0620340112
- (AGYO) ဇင်မျီုး . 0836643107
- (AGYO) မောင်မောင်သက် .0992769496
mail : agyo.arakan@gmail.com
web. www.agyoarakan.org


0 comments:
Post a Comment