ရခိုင်ပြည်၌ တိုက်ပွဲကြောင့် စစ်တွေမြို့သူ/သားများ ပေါ်တာဆွဲခံရမှာကို ကြောက်လန့်နေကြ
စစ်တွေ မြို့မဈေးမှ ဈေးဆိုင်တွေဟာ နယ်ဘက်မှ လူတွေက မှီခိုနေရတဲ့အတွက် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲကြောင့် စစ်တွေမြို့မဈေးမှ ဆိုင်ရှင်တွေအနေနဲ့ အခက်အချို့ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ စစ်တွေမြို့မဈေးမှာဈေးရောင်းသူ မမြတ်မြတ်စိုးက " ကျွန်မတို့ စစ်တွေမြို့မဈေးက ဆိုင်ရှင်တွေက နယ်က ဈေးလာဝယ်သူတွေကို မှီခိုနေရတာပါ အခုလို တိုက်ပွဲဖြစ်နေတော့ ဈေးလာဝယ်သူ နည်းလာတယ်လေ ထပ်ပြီး တိုက်ပွဲသာ ဆက်ဖြစ်နေရင် အခက်အခဲဖြစ်လာမှာကို စိုးရိမ်နေရတယ်" ဆိုပြီးပြောပါတယ်။
ထို့ပြင် စစ်တွေမြို့တွင်းတွင် မြန်မာ့တပ်မတော်က ညဘက်တွင် ကင်းလှည့်နေကြတဲ့အတွက်
စစ်တွေမြို့သူ/သားများအနေဖြင့် ညနေ၉နာရီနောက်ပိုင်းတွင် အိမ်မှ မထွက်ရဲကြဘဲ ပေါ်တာအဆွဲခံရမှာကိုကြောက်လန့်နေကြတယ်လို့ စစ်တွေမြို့ခံ ကိုရဲမျိုးလှိုင်ကပြောပါတယ်။
ယခုတိုက်ပွဲအတွင်းရှိ ဒေသခံပြည်သူများကိုတော့ မြန်မာ့တပ်မတော်ဘက်မှ ပေါ်တာဆွဲမှုများကို သတင်းမီယာများ ကယ်ဆယ်ရေပေးသူများ၏ ဖော်ပြချက်အရ သိရပါတယ် ဒီလိုပေါ်တာဆွဲမှုတွေဟာ ရသေ့တောင်မြို့နယ်ထဲက၊ ရေကောင်းချောင်း၊ ရီစိုးချောင်း ရွာတွေမှာ အများဆုံးဖြစ်နေပြီး ရီစိုးချောင်းရွာနေ ကိုထွန်းနိုင်စိုးက “ကျနော့်ကို အစ်ကိုကခေါ်ပြီး အဖေ့ကို စစ်သားတွေ ဖမ်းသွားပြီလို့ ပြောတယ်။ ကျနော်ကမယုံလို့ ဖုန်းဆက်ပြီး အဖေနေတဲ့နေရာကို စုံစမ်းတော့ လေးယောက်ပါသွားတယ်တဲ့။ ငထောင်ချေ၊ ဦးလေးသာထွန်း၊ နောက်ကျနော့်အဖေပါတယ်။ နောက်တစ်ယောက် သန်းထွန်းပါတယ်။ သူကလည်း ကျနော့်ဘဒွေးပါ။ အားလုံး ကျနော့်ဆွေမျိုးမိသားစုထဲကပါ။ ပထမ ဒီလိုဖမ်းတယ်ဆိုတာ မယုံပါဘူး။ အခုကျနော်တို့ လက်တွေ့ ကြုံရမှယုံတာပါ။ အဖေ့ကို ကင်ပွန်းချောင်းဘက် ခေါ်သွားတယ်လို့ ကြားပါတယ်။ အမေလည်း ဘယ်မှာလည်း မသိဘူး။ စုံစမ်းလို့မရပါဘူး” လို့ ပြောပါတယ်။
သတင်းဓာတ်ပုံနှင့် သတင်းတပိုင်းတစကို DVBမှ ကူးယူဖော်ပြပါသည်။



0 comments:
Post a Comment