ထိုင်းသင်္ကြန်တွင် အမျိုးသမီးများ လိင်ပိုင်း အနှောင့်အယှက်ပေးခံရ
ပျော်ရွှင်ဖွယ်ရာ သင်္ကြန်လှုပ်ရှားမှုအတွက် ကောက်ခံခဲ့တဲ့ ဒီစစ်တမ်းကို ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့တာလို့ ဘန်ကောက်ပိုစ့်သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်၊ နခွမ်ပါသွန်၊ ချန်ဖွန်၊ ချင်းမိုင်၊ လမ်းပန်း၊ ဆမွတ်ပါကန်၊ ချောင်ဘူရီ၊ ကိုးကဲ စတဲ့ဒေသက အသက် ၁၀-၄၀ နှစ်ကြား အမျိုးသမီး ၁၇၉၃ ဦးကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒီအထဲက တ၀က်ကျော်က အရက်မူးနေတဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာကို ခံစားရတယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာ ပါဝင်တဲ့ ၈၆ ရာခိုင်နှုန်းကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာကို မကြိုက်ဘဲ ရပ်တန်ဖို့ ဆန္ဒရှိနေသလို ၁၄ ရာခိုင်နှုန်းကတော့ ဒါဟာ သာမန် လက်သင့်ခံထိုက်တဲ့ အပြုအမူအဖြစ်
သဘောထားတယ်လို့ ဆိုပါတယ်။
အများစုကတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရရင်တော့ တာဝန်ရှိသူတွေက အပြင်းအထန် အရေးယူပေးဖို့ ဆန္ဒရှိနေပါတယ်။
စစ်တမ်းက သင်္ကြန်ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ အထောက်အပံ့ ဖြစ်လာတယ်လို့ သမားဆတ်တက္ကသိုလ်က ပန်နီကာအက်ပီရပ်ခိုင်ဆီရီက ပြောပါတယ်။
အမျိုးသားအုပ်စုရဲ့ အကြမ်းဖက်တာကို သင်္ကြန်တွင်းမှာ ခံရတယ်လို့ ဘန်ကောက်က အသက် ၂၄ နှစ် အမျိုးသမီးတဦးက ပြောပါတယ်။
အမျိုးသားတွေက သူ့ကို ရေနဲ့ပက် မျက်နှာကို ပေါင်ဒါသုတ်ပြီး သူမရဲ့ ရင်အုံနဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို ထိတွေ့ခဲ့တဲ့အတွက် အော်ဟစ်ဆဲဆိုခဲ့ပေမယ့် လူငယ်တွေက အပြစ်ရှိတယ်လို့ မခံစားရဘူးလို့ ပြောပါတယ်။


0 comments:
Post a Comment