Sunday, 24 April 2016

ပျောက်ဆုံးနေတဲ့ သာကေတက ကလေးကို ဦးခေါင်းပြတ်နဲ့ ပြန်တွေ့

ကလေးဦးခေါင်းလိုယူဆရတဲ့ ဦးခေါင်းခွံကိုလည်း တွေ့ရှိထားပြီး ဟုတ်မဟုတ် စစ်ဆေးနေတယ်လို့ ကလေးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
သာကေတမြို့နယ်က ပျောက်ဆုံးသွားတဲ့ကလေးငယ်တစ်ဦးကို ဒေါပုံမြို့နယ် ပုဇွန်တောင် ချောင်းမှာ ဦးခေါင်းပြတ်လျက်နဲ့သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။
 7Day Daily ရဲ့ဖော်ပြချက်အရ  သာကေတမြို့နယ် ၂/ မြောက်ရပ်ကွက် သဒ္ဓါရုံ (၁) လမ်းက အသက် ခြောက်နှစ်အရွယ် ကလေးတစ်ဦး ပျောက်ဆုံးခဲ့ပြီး ဒေါပုံမြို့နယ် ပုဇွန်တောင်ချောင်းထဲမှာ ဦးခေါင်းပြတ်နဲ့ ပြန်လည်တွေ့ရှိတာ ဖြစ်ပါတယ်။  ကလေးဟာ ဧပြီ ၁၁ ရက်နေ့က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သတင်းစာထဲမှာလည်း လူပျောက်ကြော်ငြာနှစ်ခါထည့်ခဲ့တယ်လို့ သိရပါတယ်။
 

အလောင်းကို ဆေးရုံမှာ စစ်ဆေးနေဆဲဖြစ်ပြီး ကလေးဦးခေါင်းလိုယူဆရတဲ့ ဦးခေါင်းခွံကိုလည်း တွေ့ရှိထားပြီး ဟုတ်မဟုတ် စစ်ဆေးနေတယ်လို့ ကလေးရဲ့ မိသားစုဝင်တစ်ဦးကပြောကြားထားတယ်လို့ သိရပါတယ်။  ကလေးက သေနေတာတောင် ခေါင်းမပါတော့ကြောင်းနဲ့ ဘာကြောင့်ခုလိုလုပ်တာလဲဆိုတာတော့ သိချင်တယ်လို့လည်း အဆိုပါမိသားစုဝင်က ပြောကြားပါတယ်။
Source: 7Day Daily

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate