Monday, 2 May 2016

တရက်လုပ်အားခ ဘတ် ၄၀၀ ကျော်ထိ တိုးပေးရန် ချင်းမိုင် အလုပ်သမားများ တောင်းဆို


လုပ်ခလစာတရက်ကို ထိုင်းဘတ်ငွေ ၄၂၁ ဘတ်တိုးပေးဖို့အပါအ၀င် အလုပ်သမားအခွင့်အရေး တောင်းဆိုချက် အချက် ၇ ချက်ကို အလုပ်သမားတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တော်ဝန်ဆီကို လမ်းလျှောက်ချီတက်တောင်းဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အပါအ၀င် လမ်းပန်း၊ လမ်းဖူးမြို့က  ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ အတူ ထိုင်းအလုပ်သမားတွေ စုပေါင်းပြီး ဒီကနေ့မှာ ချင်းမိုင်မြို့တော်ဝန်ရုံးဆီကို ချီတက် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အလုပ်သမားတွေဟာ အလုပ်ငန်းခွင်လုံခြုံမှုတွေထားပေးဖို့၊ နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (အိုင်အယ်လ်အို)က သတ်မှတ်ထားတဲ့ နိုင်ငံတကာအလုပ်သမားဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့၊ လုပ်သမားတွေကို တရက်လုပ်အားလခ ၄၂၁ သတ်မှတ်ပေးဖို့၊ လိင်အလုပ်သမ တွေကိုလည်း လုပ်ငန်းတခုအနေနဲ့ သတ်မှတ်ပြီး တခြားအလုပ်သမားတွေနဲ့ တန်းတူအခွင့် အရေးပေးဖို့ အပါအ၀င်  အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ချင်းမိုင်မြို့က ဆောက်လုပ်ရေးအလုပ်သမား စိုင်းအောင်ဖြိုးက “ပတ်စ်ပို့လုပ်တဲ့အခါမှာ မြန်မာဘက်မှာရော၊ ထိုင်းဘက်မှာရော ပိုက်ဆံတွေ အများကြီးကုန်တယ်။ နောက်ဒီမှာ
စားသောက်နေထိုင်ရေးအတွက်မှာလည်း ဈေးနှုန်တွေ အရမ်း များတယ်။ အဲဒါနဲ့ လုပ်အားခကိုတိုးပေးဖို့ တောင်းဆိုထားပါတယ်။ လုပ်ငန်းခွင်ထဲမှာလည်း အမြင့်တက်တဲ့အချိန်မှာ သူတို့က စတီးခါးပတ်တွေ ဘာတွေမပေးဘူးလေ။ အဲလိုပဲ တက်ခိုင်း တယ်။ ပြီးရင် ပြုတ်ကျလာလို့ ခြေထောက်ကျိုးသွားတယ်ဆိုရင်လည်း သူဋ္ဌေးတွေက ပိုက်ဆံလာ မကူညီဘူး။ လာလည်း မကြည့်ဘူး။ ဒါ့အပြင် အလုပ်ကနေ ထုတ်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီကောင်လေး က အလုပ်မလုပ်နိုင်လို့ ခြေထောက်ကျိုးသွားပြီဆိုတော့ မောင်းထုတ်လိုက်တာ ပေါ့။ တချို့ လူတွေဆိုရင် မိန်းမ တွေကလေးတွေရှိတယ်ဆိုရင် အကုန်လုံးဒုက္ခတွေ ရောက်ကုန်တယ်” လို့ ပြောပါတယ်။
လမ်းဖူးမြို့မှာ အိမ်အကူအလုပ်လုပ်နေတဲ့ နန်းဟွမ်ကလည်း သူ့အနေနဲ့  နားရက်မရှိဘဲ တလကို ဘတ် ၆၀၀၀ သာရတဲ့အတွက် ဒီထက်များတဲ့ လုပ်ခလစာလိုလားလို့ ဒီကနေ့ တောင်းဆိုပွဲမှာ ပါဝင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။
“ကျမကတော့ အားလပ်ရက်ရှိပြီး တပတ်တရက်လောက် နားရဖို့နဲ့ လုပ်ခလည်း ၆၀၀၀ ထက် ပိုပြီးရစေချင်ပါတယ်။”
အလုပ်သမားအရေးလှုပ်ရှားသူ မခင်ဘုန်းကတော့ ဒီလုပ်ခလစာ ၄၂၁ ဘတ်ရဖို့ တောင်းဆိုတာ ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့တပြေးညီခံစားဖို့ တောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။
“အရင်ပြီးခဲ့နှစ်တုန်းကဆိုရင် လုပ်အားခ ၃၀၀ အနည်းဆုံးလို့ တောင်းဆိုထားတာပေါ့နော်။ အစိုးရလည်း ပေးပါတယ်။ ဒါပေမယ့် အလုပ်ရှင်တွေမှာကျတော့ တချို့က ပေးတယ်။ တချို့က မပေးဘူး။ မရတဲ့လူတွေလည်း ရှိတယ်။ ဆိုတော့ ကျမတို့ဒီနှစ်မှာကျတော့ ဘန်ကောက်က အလုပ်သမားအဖွဲ့တွေအားလုံးပေါင်းပြီး ၄၂၁ ဘတ် ဆိုပြီးမှ သူတို့က တောင်းဆိုထားတယ်။ ဆိုတော့ ကျမတို့ ဒီချင်းမိုင်မှာလည်း ဒီအလုပ်သမားအဖွဲ့ အားလုံးပေါင်းပြီး ဒီဈေးနှုန်းအတိုင်း တန်းတူပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။ ”
ချင်းမိုင် ဒုတိယမြို့တော်ဝန်က လာရောက်တောင်းဆိုကြတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက် တွေကို အသိအမှတ်ပြုခဲ့ပြီး အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ ပါဝင်တဲ့ စာရွက်စာတမ်း တွေကို လက်ခံယူခဲ့ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ ချင်းမိုင်မြို့မှာ တရက်ကို အနည်းဆုံးဘတ် ၃၀၀ ပေးဖို့ သတ်မှတ်ထားပါတယ်။ http://burmese.dvb.no/archives/147979


0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate