Tuesday, 31 May 2016

မြန်မာဆောက်လုပ်ရေးလုပ်သားများ ကားမှောက်၊ ၁ ဦးသေဆုံး ၁၅ ဦး ဒဏ်ရာရ

    By ဒီဗွီဘီ    31 May 2016  
ထိုင်းနိုင်ငံ အနောက်ပိုင်း ရာ့ခ်ျပူရီခရိုင်မှာ ဒီကနေ့ မနက် ၈ နာရီကျော်က ယာဉ် ၄ စင်းတိုက်မှု ဖြစ်ပွားပြီး မြန်မာအလုပ်သမားအပါအ၀င် ထိုင်းလူမျိုးတွေပါ ထိခိုက်သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ရာ့ခ်ျပူရီမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက ဆယ်ဘီးကားတစီးဟာ ပန်းရံအလုပ်သမား ၁၆ ဦးကို လုပ်ငန်းခွင်သို့ ပုံမှန်ပို့ဆောင်စဉ် အလုပ်ဆိုက်မရောက်ခင် ၆၀၀ မီတာအကွာ ဂျေးဒီးဟတ် – ထုန့်ပေါသွားကားလမ်းမကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာလို့ ရာ့ခ်ျပူရီရဲစခန်းတာဝန်ကျ ဒုရဲအုပ် ထ၀ပ်ခ်ျ ခေနဒါးက သတင်းထောက်တွေကို ပြောပါတယ်။ စစ်ဆေးမေးမြန်းချက်တွေအရ အဆိုပါဆယ်ဘီးကားဟာ ကားလမ်းဘယ်ဘက်ကိုချိုးသွားစဉ် အရှေ့လမ်းဘေးမှာရပ်ပြီး လမ်းသန့်ရှင်းရေးလုပ်နေတဲ့ မြူနီစီပယ်အမှိုက်သိမ်းကားအနောက်ပိုင်း ကို ၀င်တိုက်မိကြောင်း၊
အရှေ့ကားကို တိုက်ပြီးတာနဲ့ ကားကပတ်ချာလည်ပြီး လမ်းညာဘက်က ရောက်လာတဲ့ အီဇူးဇူးဟိုင်းလပ်ကားတစ်စီးကိုရော သူ့နောက်က ဆလွန်းကားတစီးကိုပါ ဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ ဒီယာဉ်မတော်တဆထိခိုက်မှုမှာ ဆယ်ဘီးကားပေါ်ပါလာတဲ့ အလုပ်သမားအားလုံး မြန်မာေ တွ ဖြစ်ပြီး ၁ ဦး ပွဲချင်းပြီးသေဆုံးကာ ၁၀ ဦးဒဏ်ရာရကြောင်း၊ သေဆုံးသူမှာ အသက် ၄၉ နှစ်ရှိ ဦးဇော်ဝင်းဆိုသူဖြစ်ပြီး ဒဏ်ရာရသူတွေအနက် ၄ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ ဟိုင်းလပ်ကားနဲ့ ဆလွန်းကားပေါ်မှာလည်း ထိုင်းလူမျိုး ၅ ဦး ဒဏ်ရာရကြောင်း၊ ကလေး ၂ ဦး လူကြီး ၃ ဦးတို့ဖြစ်ကာ ဒဏ်ရာရသူတွေအကုန်လုံး ရာ့ခ်ျပူရီဆေးရုံကို ပို့ဆောင်ပေး ထားတယ်လို့ တာဝန်ကျဒုရဲအုပ်က သတင်းထောက်တွေကို ပြောသွားပါတယ်။....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate