ဖားကန့်မြေပြိုမှုတွင် သေဆုံးခဲ့သူများ အတွက် ပြည်နယ် အစိုးရက ကျပ်တစ်သိန်းစီ ထောက်ပံ့
.
မြေပြိုမှုကြောင့် သေဆုံး သူများ၏ မိသားစုဝင်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့က ကျပ် တစ်သိန်းစီ ထောက်ပံ့ကြေး ပေးခဲ့ကြောင်းသတင်း ရရှိသည်။
ဖားကန့်မြို့နယ် စိုင်းတောင် နှင့် စပေါ့ ကျေးရွာ ကြားရှိ တစ်သုံးလုံး ကုမ္ပဏီပိုင် လုပ်ကွက်တွင် မေ လ ၅ ရက် ည ၉ နာရီကျော်က မြေပြိုကျ မှုကြောင့် လူ ၁၄ ဦး သေဆုံး ခဲ့ပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ သည်။
သေဆုံးသူ တစ်ဦးချင်းစီ အတွက် ကျန်ရစ်သူ မိသားစုဝင် များအား ကျပ်တစ်သိန်းစီ ထောက်ပံ့ကြေး ပေးခဲ့ကြောင်း ကချင်ပြည် နယ် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေး မှူး ဦးမင်းသိန်းက ပြောသည်။
ယခုမြေပြိုမှုသည် ဖားကန့် ဒေသ၌ ၂၀၁၆ အတွင်း လူသေ ဆုံးမှု အများဆုံးမြေပြိုမှုဖြစ်ခဲ့ သည်။ ၂၀၁၅ နိုဝင်ဘာနှင့် ဒီဇင် ဘာတွင် လူရာချီသေဆုံးမှုဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း မြေပြိုမှု ငါးကြိမ် ခန့်ဖြစ်ပွားခဲ့သည်။
နောက်ဆုံး မြေပြိုကျမှုသည် မတ်လ ၂၀ ရက် ကဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိပေ။
မြေပြိုကျမှုနှင့်ပတ်သက်ပြီး ရေမဆေးကျောက်ရှာဖွေသူများ က ကျောက်စိမ်းကုမ္ပဏီပိုင်လုပ် ကွက်အတွင်း တရားမ၀င် ၀င် ရောက်ခဲ့ခြင်းဖြစ်၍ ကုမ္ပဏီကို အရေးယူ၍ မရဘဲ သေမှုသေခင်း သာဖွင့်၍ စစ်ဆေးနေကြောင်း ဖားကန့်မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကပြောသည်။
By - အောင်သစ်လွင်
Originally published at - http://www.7daydaily.com/story/64263...
![]() |
| သေဆုံး သွားသူ များ၏ ရုပ်အလောင်း များကို သယ်ဆောင် လာစဉ် (ဓာတ်ပုံ - ကိုအောင်သော်) |

0 comments:
Post a Comment