Thursday, 12 May 2016

ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲဖြစ်၊ ရွာသား ၁ ဦး လက်နက်ကြီး ထိမှန် ဒဏ်ရာရ







ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ မြို့နယ်ထဲမှာ အစိုးရ တပ်နဲ့ တအာင်း ပလောင်တပ် (တီအန်အယ်လ်အေ) တပ်တွေ အကြား တိုက်ပွဲ ဖြစ်ပွားပြီး လက်နက်ကြီး ကျည်ကျလို့ ရွာသား ၁ ဦး ဒဏ်ရာ ရကာ နေအိမ် တချို့ မီးလောင် သွားပါတယ်။မေ ၁၁ ရက် မနက်က တော့ဆန် ကျေးရွာ အနီးမှာ တိုက်ပွဲ ဖြစ်ပြီး လက်နက်ကြီးကျည် သင့်တဲ့ အတွက် နေအိမ် ၃ လုံး မီးလောင် သွားတယ်လို့ ကျောက်မဲ လူမှု ကူညီရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။“မနေ့မနက်က တီအန်အယ်လ်အေတပ်တွေက ကလော့ဝိုင်းရွာကနေ တော့ဆန်ဘက်ကို ထွက်သွားတယ်။ နောက်တခါ အစိုးရတပ်က တော့ဆန်ရွာဘက်ရောက်လာပြန်တယ် ။ အဲဒါနဲ့ တီအန်အယ်လ်အေက သုသာန်ကုန်းမှာနေရာယူပြီး တော့ဆန်ရွာထဲမှာရှိတဲ့ အစိုးရတပ်ကို ပစ်တယ်။ ဘယ်သူ့လက်ချက်လဲတော့ မသိဘူး။ အိမ် ၃ လုံး လက်နက်ကြီးကျပြီး မီးလောင်သွားတယ်။ ဒေါ်အေးထိုက်၊ ဒေါ်အေးစံနဲ့ ဦးအောင်ကျော်တို့အိမ် လို့ ပြောပါတယ်။”အလားတူ ဒီဒေသထဲက တွန်ခံ ကျေးရွာမှာလည်း ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပြီး ယာတောကပြန်လာတဲ့ ရွာသားတဦးကို လက်နက်ကျည်ဆန်ထိမှန်ခဲ့တယ်လို့ ဦးတင်မောင်သိန်း က ဆက်ပြောပါတယ်။“တွန်ခံရွာသား ဦးမောင် ဆိုတဲ့လူက တောင်ယာသွားပြီး အပြန်လမ်းမှာ လက်နက်ထိတယ်။ ၁၀ ရက်နေ့ နေ့ခင်းပိုင်းက ဖြစ်ပေမယ့် ဆက်သွယ်ရေးမကောင်းတော့ မနေ့မနက်ကမှ ကျနော်တို့ ဆီရောက်လာပါတယ်။ လက်နက်ကြီးအပိုင်းအစက ဘယ်ဘက်တင်ပါးဆုံမှာ ၀င်သွားတယ်။ ကျနော်တို့လည်း ကျောက်မဲဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ ပါဘူး။”တွန်ခံရွာနားမှာ တိုက်ပွဲဖြစ်တဲ့သတင်းကို အစိုးရပြန်ကြားရေးကလည်း အတည်ပြု သတင်း ထုတ်ပြန်ထားပြီး လက်နက်ကြီးကျည်ဆန်ပေါက်ကွဲတဲ့အတွက် ကျည်စဟာ ယာခင်းကပြန်လာတဲ့ ရွာသားဦးမောင်ရဲ့ ၀ဲဘက်ခါးကနေ ပေါက်ဝင်ပြီး ၀ဲဘက်တင်ပါးကနေ ဖောက်ထွက်သွား တယ်လို့ အစိုးရသတင်းမှာ ရေးသားဖော်ပြပါတယ်။ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး တအာင်းပလောင်တပ်ဘက်ကလည်း ကျောက်မဲမြို့နယ်၊ တော့စန်ကျေးရွာမှာ မေလ ၁၁ ရက် မနက် ၈း၃၇ နာရီကနေ ၁၀း၅၅ နာရီထိ တီအန်အယ်လ်အေ တပ်ရင်း ၆၆၆ နဲ့ တိုက်ပွဲဖြစ်ပြီး မြန်မာ့တပ်မတော်ရဲ့ လက်နက်ကြီး ထိမှန်ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်း လူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထား ပါတယ်။အဆိုပါဒေသတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေအကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်လာ နေတာကြောင့် မေလ ၇ ရက်နှင့် ၈ ရက်တွေမှာ လူဦးရေ ၁,၆၀၀ ခန့်လောက် ၄င်းတို့ နေထိုင်ရာရွာတွေကို စွန့်ခွာတိမ်းရှောင်ပြီး ကျောက်မဲနဲ့ သီပေါမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း တွေမှာ ယာယီခိုလှုံနေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာကူညီပေးရေးရုံးက ထုတ်ပြန်ထားပါတယ်။ဒီဗွီဘီ by နန်းမြနဒီ....

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate