Monday, 9 May 2016

ထိုင်းရောက် မြန်မာအလုပ်သမားများအပေါ် တန်းတူအခွင့်အရေးပေးရန် မြန်မာ သမ္မတ တောင်းဆို

...

9 May 2016 By နေဖြိုးဝင်း - DVB
ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအပေါ် အလုပ်သမား အခွင့်အရေး တန်းတူပေးစေလိုတယ်လို့ မြန်မာနိုင်ငံမှာ ရောက် ရှိနေတဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမဒ်ဝီနိုင်ကို တိုက်တွန်း ပြောကြား လိုက်ပါတယ်။
ဒီကနေ့ မနက် ၁၀နာရီက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၊ သံတမန်ဆောင် ဧည့်ခန်းမမှာ တွေ့စုံစဉ်ပြောကြားခဲ့တာလို့ အစိုးရသတင်းထုတ်ပြန်ပါတယ်။
ဧည့်သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှားနိုင်ငံမှာ မကြာမီ ကျင်းပ
တော့မယ့် ရုရှား- အာဆီယံအစည်းအဝေးမှာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံအကြီး
အကဲတွေ တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးလိုကြောင်းနဲ့ ထိုင်းနိုင်ငံကို အလည်အပတ်ခရီး လာရောက်ဖို့ သမ္မတကို ဖိတ်ခေါ်ကြောင်းလည်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်မှာ မြန်မာ၊ ထိုင်း၊ ဂျပန်သုံးနိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေတိုးမြှင့် ဆောင် ရွက်နိုင်ရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အပြင် ထားဝယ်ဆေးရုံကြီး အရေးပေါ်ဌာန အဆင့်မြှင့်တင်တည်ဆောက်ရေး ကိစ္စရပ်တွေ ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံပွဲကို နိုင်ငံတော်သမ္မတနဲ့အတူ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသိန်းဆွေ၊ ဒုတိယ၀န်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။
.

0 comments:

Post a Comment

Follow on Blogger

ရခိုင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (ထိုင်းနိုင်ငံရောက် မြန်မာ့ ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းဥပဒေနှင့်အညီ အထွေထွေ ကူညီပေးရေး စေတနာ့ဝန်ထမ်း ကွန်ယက်) AGYO อาระกัน องค์กรเยาวชน คนรุ่นใหม่ (กลุ่มอาสาสมัครเครือข่ายช่วยเหลือแรงงานข้ามชาติสัญชาติพม่า ที่อาศัยอยู่ในประเทศไทย โดยให้ความช่วยเหลือทั่วไป ในภัยใต้กฎหมายไทย) AGYO 

ထိုင်းမြန်မာတိုင်းရင်းပေါင်းပေါင်းစုံရိုးရာယဉ်ကျေးမှုမှုပွဲ

AGYO ARAKAN

Total Pageviews

Follow us on facebook

အဖတ်အများဆုံး

အုပ်စုအလိုက် ပိုစ့်များ

ဆရာတော် အသျှင်ဥတ္တမ

http://www.agyo.org/2015/01/blog-post.html

ဆရာကြီး ဦးသာထွန်း

http://agyo.org/2015/08/blog-post_14.html

Online Radio Arakan

လအလိုက် ပိုစ့်များ

Translate